Top News

ကျန်းမာရေးဝန်ကြီးဌာနက ယခုနှစ်အတွင်း ဝန်ထမ်းအိမ်ရာ အိမ်ခန်းပေါင်း ၇၁၀၀ ကျော် ဆက်လက်ဆောက်လုပ်နေ
24htopnews | January 3, 2025 11:12 AM CST

၂၀၁၈ ခုနှစ် အတွင်း တစ်နိုင်ငံလုံး၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဝန်ထမ်းအိမ်ရာအခန်း ပေါင်း ၆၁၀၀ ကျော် တည်ဆောက် ပြီးစီးခဲ့ပြီး ယခုနှစ်တွင် အိမ်ခန်းပေါင်း ၇၁ဝဝကျော် ဆက်လက်ဆောက်လုပ် လျက်ရှိကြောင်းသိရသည်။

ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်ကိုလည်း ဝန်ထမ်းအိမ်ရာ နှစ်အဖြစ် ဆက်လက်သတ်မှတ်၍ ဝန်ထမ်းအိမ်ရာများ ထပ်မံဆောက်လုပ်မည်ဖြစ်သည်။လက်ရှိ၌ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာန အသီးသီးမှ ဝန်ထမ်းများအတွက်  ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်တွင်ဝန်ထမ်း အိမ်ရာပေါင်း ၈၃၀ ကျော် ဆောက်လုပ်လျက်ရှိကြောင်း၊ လက်ရှိ ဆောက်လုပ်နေသည့် ဝန်ထမ်းအိမ်ရာများအနက် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာန၊ ဆေးရုံဝန်ထမ်းနှင့် ကုသရေးပိုင်းမှဝန်ထမ်းများအတွက် အိမ်ရာပေါင်း ၁၉၅ ခု၊ အိမ်ခန်းပေါင်း ၂၂၅၄ခန်း၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအတွက်အိမ်ရာပေါင်း ၄၆၀ ခု၊ အိမ်ခန်းပေါင်း၂၄၂၈ ခန်း၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနအတွက် အိမ်ရာပေါင်း ကိုးခု၊ အိမ်ခန်းပေါင်း ၂၁၂ ခန်း၊ ဆေးသုတေသနဦးစီးဌာနအတွက် အိမ်ရာပေါင်း သုံးခု၊ အိမ်ခန်းပေါင်း ၃၂ခန်း ၊ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအတွက် အိမ်ရာပေါင်း ၄၄ခု၊ အိမ်ခန်းပေါင်း ၅၂၈ ခန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနအတွက် အိမ်ရာပေါင်း ၁၂၃ ခု၊ အိမ်ခန်း ၅၂၃ ခန်းတို့ ဆောက်လုပ်လျက်ရှိသည်။

လက်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေး လုပ်ငန်း၊ ထုတ်ပြန်ထားသောလုပ်ငန်းလမ်းညွှန်များ၊  ညွှန်ကြားချက်များကို ခေတ်မီအောင် Update  ပြုလုပ်ခြင်းနှင့် မလိုအပ်သည်များကို ပယ်ဖျက်ခြင်း၊ ကျန်းမာရေး ဝန်ထမ်းများနှင့် လူနာများ၊လူနာ၏ မိသားစုဝင်များအကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရေး၊ ပြည်သူလူထုအခြေပြု ကျန်းမာ ရေးစောင့်ရှောက်မှု ဆေးခန်းများကို ဖွင့်လှစ်၍ မကူးစက်သော ရောဂါနှိမ်နှင်းရေးကို အားဖြည့်ဆောင်ရွက်ရေး၊ အခြေခံကျန်းမာရေးဝန်ထမ်းများဖြင့် ရွေ့လျားကျန်းမာရေးဆေးခန်းများဖွင့်လှစ်ရေး၊ တိုင်း ဒေသကြီး/ ပြည်နယ်သင်ကြားရေးအဖွဲ့များကို ပြန်လည်ဖွဲ့စည်း၍ တာဝန်ခံများထားရှိရေးတို့ ဖြစ် ကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်ကို  သတင်းအချက်အလက်နှစ် (year of data and information))၊ ဘဏ္ဍာနှစ်ရန်ပုံ ငွေများကိုအကျိုးရှိစွာခွဲဝေသုံးစွဲသည့်နှစ် (year of budget) နှင့်ဝန်ထမ်းအိမ်ရာ ဦးစားပေး ဆောက်လုပ်သည့်နှစ် (year of staff housing)ဟု သတ်မှတ် လုပ်ဆောင်နေကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ဝန်ထမ်းများ၏  လုပ်ငန်းခွင်တွင် အဆင်ပြေချောမွေ့စွာ တာဝန်ထမ်း ဆောင် နိုင်ရေး၊ အိမ်ငှားနေရခြင်းဖြင့် ငွေကြေး ကုန်ကျမှုများပြား၍ လစာစုဆောင်းရရှိမှု နည်းပါးခြင်း၊ ဝန်ထမ်းအိမ်ရာများတွင် တစ်စုတစ်စည်းတည်း နေထိုင်ခြင်းအားဖြင့် လုံခြုံ ရေးကောင်းမွန်ပြီး ရင်းနှီးသောမိတ်ဆွေ အသိုင်းအဝိုင်းပတ်ဝန်းကျင်တွင် နေထိုင်ရခြင်း စသည်တို့ကြောင့်၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်တွင် ဝန်ကြီးဌာနအနေဖြင့်မဖြစ်မနေ အသစ်တည်ဆောက်ရမည့် ဆေးရုံ၊ ဆေးခန်းနှင့် လက်ရှိ ဆောက်လုပ်ဆဲဆေးရုံ၊ ဆေးခန်းများမှ လွဲ၍ဆေးရုံ အသစ်ဆောက်လုပ်ခြင်းကို တစ်နှစ်တာ ရပ်နားပြီး ပိုလျှံသော ရန်ပုံငွေကို ဝန် ထမ်းအိမ်ရာများဆောက်လုပ်ခဲ့သည်။


READ NEXT
Cancel OK