
ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့ရန်နှင့် တင်သွင်းရန်အတွက် ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်လာသည့် သင်္ဘောတစ်စင်း၏ ကုန်ကျစရိတ်သည် အာဆီယံနိုင်ငံများတွင် အမြင့်ဆုံးဖြစ်နေကြောင်း လှိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ထောက်ပြပြောဆိုသည်။
ရန်ကုန်ဆိပ်ကမ်း သင်္ဘောဆိုက်ကပ်မှု ကုန်ကျစရိတ်မြင့်မားနေ၍ ပို့ကုန်မြှင့်တင်ရန် အခက်အခဲ ဖြစ်ပေါ်ခြင်း၊ သွင်းကုန်များ စျေးကြီးမြင့်စေခြင်းတို့ ကြုံတွေ့နေရသဖြင့် သင်္ဘောဆိုက်ကပ်မှု ကုန်ကျစရိတ်လျော့ချပေးရန် အစီအစဉ် ရှိ မရှိနှင့် စပ်လျဉ်းပြီး နေပြည်တော်၌ ဇန်နဝါရီ ၂၃ ရက်ကပြုလုပ်သော ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ဦးအောင်ကျော်ကျော်ဦးက မေးခွန်းမေးမြန်းရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ပြည်ပသို့ ကုန်ပစ္စည်းများ တင်ပို့ရန်အတွက်လည်းကောင်း ပြည်ပမှ ကုန်ပစ္စည်းများ တင်သွင်းရန်အတွက်လည်းကောင်း ရန်ကုန်ဆိပ်ကမ်းကို ဆိုက်ကပ်လာတဲ့ သင်္ဘောတစ်စီးရဲ့ ကုန်ကျစရိတ်ဟာ အာဆီယံနိုင်ငံများထဲမှာ အမြင့်ဆုံးဖြစ်နေတာကြောင့် ပို့ကုန်များတင်ပို့ရာမှာ အခက်အခဲများ ဖြစ်ပေါ်နေပါတယ်။ သွင်းကုန်များလည်း စျေးနှုန်းများ မြင့်စေပါတယ်။ တန်ချိန်နှစ်သောင်းရှိတဲ့ သင်္ဘော တစ်စင်းဟာ ရန်ကုန်ဆိပ်ကမ်းကို ဆိုက်ကပ်မည်ဆိုပါက ကုန်ကျစရိတ်ဟာ အမေရိကန် ဒေါ်လာ ၁၄၅၀၀၀ ခန့်ကုန်ကျပြီးတော့ ထိုင်း၊ ဗီယက်နမ်တို့ထက် နှစ်ဆကျော် များပြားနေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်က ထုတ်ပြန်တဲ့ စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်” ဟု ဦးအောင်ကျော်ကျော်ဦးက ပြောကြားသည်။
တန်ချိန်နှစ်သောင်း သင်္ဘောတစ်စင်း ဆိပ်ကမ်းဆိုက်ကပ်မှု ကုန်ကျစရိတ်သည် ထိုင်းနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၆၅၀၀၀၊ ဗီယက်နမ်တွင် ၆၀၀၀၀ ရှိကြောင်း တွေ့ရှိရပြီး ဆိပ်ကမ်းကုန်ကျစရိတ် များပြားမှုကြောင့် မြန်မာနိုင်ငံမှ ဆန်ဝယ်ယူသူများသည် ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်တို့မှ ဝယ်ယူရန် အဆင်မပြေတော့မှသာ မြန်မာနိုင်ငံက ဝယ်ယူရန် စဉ်စားသည်ဟုဆိုကြောင်း ၎င်းက ပြောကြားသည်။
ထို့ပြင် သယ်ယူပို့ဆောင်စရိတ် Logistic Cost မြင့်မားသဖြင့် မိမိနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များနှင့် အခြားထုတ်ကုန်များ နိုင်ငံတကာနှင့် ယှဉ်ပြိုင်ရောင်းချရာတွင် အားနည်းစေပြီး ရန်ကုန်ဆိပ်ကမ်းသည် ဆိပ်ကမ်းစရိတ်ကြီးမြင့်သည့်အပြင် နိုင်ငံတကာ သင်္ဘောကြီးများဆိုက်ကပ်ရန် အဆင်မပြေခြင်းက သွင်းကုန်များကိုလည်း စျေးနှုန်းမြင့်မားစေကြောင်း မေးခွန်းရှင်က ပြောကြားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် လေ့လာပြုစုထားသည့် အစီရင်ခံစာပါ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းအာဆီယံနိုင်ငံ မြစ်ဆိပ်ကမ်း၌ ကောက်ခံသော အခွန်အခနှုန်းထားများ နှိုင်းယှဉ်ချက်အရ တန်ချိန် ၂၆၀၀၀ ရှိ သင်္ဘောတစ်စင်းအတွက် ဆိပ်ကမ်းဆိုက်ကပ်မှု စုစုပေါင်းကုန်ကျစရိတ်မှာ ရန်ကုန်ဆိပ်ကမ်းတွင် အမေရိကန်ဒေါ်လာ ၁၈၅၉၀ ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဆိပ်ကမ်းတွင် ဒေါ်လာ ၁၅၀၀၀ ကျော်၊ ကမ္ဘောဒီယားနိုင်ငံဆိပ်ကမ်းတွင် ဒေါ်လာ၂၇၀၀၀ ကျော် ထိုင်းနိုင်ငံ ဘန်ကောက်ဆိပ်ကမ်းတွင် ဒေါ်လာ ၁၅၀၀၀ ကျော်နှင့် ဗီယက်နမ်နိုင်ငံဆိပ်ကမ်းတွင် ဒေါ်လာ ၁၇၀၀၀ ကျော် အသီးသီး ဖြစ်ကြောင်း တင်ပြထားခြင်းကြောင့် ရန်ကုန်ဆိပ်ကမ်း၏ ဆိပ်ကမ်းကုန်ကျစရိတ်သည် ဒေသတွင်းဆိပ်ကမ်းများနှင့် အလွန်အမင်း ကွာဟမှုမရှိကြောင်း တွေ့ရှိရသည်ဟု ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်