
ပြည်ထောင်စုတရားလွှတ်တော်ချုပ် က ပြုပြင်ရေးဆွဲသည့် မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်းအား ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်ဟန်က ဇန်နဝါရီ ၂၃ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့သည်။
အဆိုပါဥပဒေကြမ်းတင်သွင်းမှုနှင့် ပတ်သက်၍ ဦးမြင့်ဟန်က“ကျွန်တော့်အနေနဲ့ ပြည် ထောင်စုတရားလွှတ်တော်ချုပ်က ပြုပြင်ရေးဆွဲခဲ့တဲ့ မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး အဆိုတင်သွင်းသွားမှာဖြစ်ပါတယ်။ ဒီဥပဒေကို ၁၉၀၉ ခုနှစ်မှာ အိန္ဒိယအက်ဥပဒေ အမှတ် (၃) နဲ့ ပြဋ္ဌာန်းထားခဲ့တာဖြစ်ပါတယ်။ အဲဒီဥပဒေဟာ လူပုဂ္ဂိုလ်တစ်ဦးအတွက် လူမွဲဆိုင်ရာခံယူခြင်း အတွက် ပြဋ္ဌာန်းထားခြင်းဖြစ်ပါတယ်။ အဲဒီဥပဒေကို ခေတ်အခြေအနေနဲ့ လျော်ညီစေရန်နဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီစေဖို့အတွက် လူပုဂ္ဂိုလ်ဆိုင်ရာ၊ လူမွဲခံယူခြင်းဆိုင်ရာကိစ္စ ပြဋ္ဌာန်းချက်များ၊ ကုမ္ပဏီများ၊ မိုက်ခရိုအသေးစားနဲ့ အလတ်စားလုပ်ငန်းများ ပြန်လည်ထူထောင်ရေးနဲ့ စာရင်းရှင်း လင်းဖျက်သိမ်းခြင်းဆိုင်ရာ ပြဋ္ဌာန်းခြင်းနဲ့ မြီရှင်နဲ့ မြီစားတို့အကြား တရားရုံးပြင်ပတွင် ညှိနှိုင်းမှုပြုနိုင်မည့် ပြဋ္ဌာန်းချက်များ၊ မြီစားများ ပြန်လည်ရှင်သန်စေရေး အခွင့်အရေးများအတွက် ပြဋ္ဌာန်းချက်များ၊ နယ်စပ်ဖြတ် ကျော် လူမွဲမှုခင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ ပါဝင်သော ဥပဒေတစ်ရပ် လိုအပ်လာပါသ ဖြင့် မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာဥပဒေအား အသစ်ရေးဆွဲရခြင်းဖြစ်ပါတယ်။ ထို့အတွက် မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာဥပဒေကြမ်းအား အမျိုးသားလွှတ်တော်မှ ဆွေးနွေးစဉ်းစား အတည်ပြုနိုင်ရန် အဆိုတင်သွင်းအပ်ပါတယ်” ဟု တင်သွင်းခဲ့သည်။
ယင်းဥပဒေကြမ်းနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့ပြီး ယင်းအစီရင်ခံစာတွင် မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်းကို လေ့လာစိစစ်ရာတွင် ပိုမိုပြည့်စုံလေး နက်မှုရှိစေရေးအတွက် မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာဥပဒေဆိုသည့် စကားရပ်အစား ‘မြီစားပြန်လည်ထူထောင်ခြင်းဆိုင်ရာ ဥပဒေ’ ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာနှင့် လူမွဲခံယူခြင်းဆိုင်ရာဆိုသည့် စကားရပ်များအစား ‘မြီစားပြန်လည်ထူထောင်ခြင်းဆိုင်ရာ’ ဆို သည့် စကားရပ်များဖြင့် ပြင်ဆင်သင့်ကြောင်း လွှတ်တော်သို့ တင်သွင်းခဲ့သည်။
ဥပဒေကြမ်း၏ ပုဒ်မ ၇၆ (ခ) တွင် ပြန်လည်ထူထောင်ရေးအစီအစဉ် စတင်အကျိုး သက်ရောက်သည့်အချိန်၌ စာရင်းရှင်းလင်း ဖျက်သိမ်းရန်အတွက် လျှောက်လွှာကို ဆောင်ရွက်ဆဲဖြစ်လျှင် သို့မဟုတ် တရားရုံးတွင် စွဲဆို ထားသော စာရင်းရှင်းလင်း ဖျက်သိမ်းပေး စေလိုမှုကို ဆိုင်းငံ့ထားလျှင် တရားရုံးသည် သင့်သည်၊ ထင်မြင်သည့်အတိုင်း စာရင်းရှင်းလင်းဖျက်သိမ်းပေးစေရန် လျှောက်ထားစဉ် လျှောက်လွှာကို ပလပ်ရမည် (သို့မဟုတ်) စာရင်းရှင်းလင်းဖျက်သိမ်းရန် အမိန့်အားပယ် ဖျက်ရမည်ဟု အမျိုးသားလွှတ်တော်ဥပဒေ ကြမ်းကော်မတီက ပြင်ဆင်ထားသည်။
ထို့ပြင် ပုဒ်မ ၂၅၉ (ဂ) တွင် ဤလျှောက်လွှာကို တင်သွင်းသည့်နေ့မှစ၍ လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း မြီစားသည် လူမွဲအဖြစ်ခံယူစေရန် အမိန့်ချမှတ်ခံရဖူးခြင်းမရှိသည့်အပြင် ကြွေးမြီများပေးဆပ်ရန် ၎င်း၏ မြီရှင်များနှင့် ညှိနှိုင်းသဘောတူညီချက် ရယူဆောင်ရွက်ခဲ့မှု မရှိခဲ့ဖူးခြင်း၊ ပုဒ်မ ၃၇၂ တွင် နိုင်ငံခြားလူမွဲမှုခင်းများကို အသိအမှတ်ပြုခြင်း၊ နိုင်ငံခြားတရားရုံးများနှင့် ပူးပေါင်းဆောင် ရွက်ခြင်းကိစ္စများနှင့်စပ်လျဉ်း၍ ဤအပိုင်းပါ လုပ်ငန်းတာဝန်များကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကလွှဲအပ်သည့် တရားရုံးက ဆောင်ရွက်ပိုင်ခွင့်ရှိစေရမည်ဟု ဥပဒေ ကြမ်းကော်မတီက ပြင်ဆင်ထားသည်။
ဥပဒေကြမ်းကော်မတီက ပုဒ်မ ၄၁၈ (က) တွင် ဤဥပဒေ စတင်အာဏာတည်သည်နှင့်တစ်ပြိုင်နက် ကုမ္ပဏီများ၊ ကုမ္ပဏီအဖြစ်မှတ်ပုံတင်ထားသော မိုက်ခရို၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများနှင့် အစုစပ် လုပ်ငန်းများ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း နှင့် တစ်သီးပုဂ္ဂလနှင့် မှတ်ပုံတင်ထားခြင်းမရှိသော မိုက်ခရို၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ လူမွဲခံယူခြင်းများနှင့်စပ်လျဉ်း၍ အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ ဤဥပဒေအရသာလျှင် ဆောင်ရွက်ရမည်ဟု အဆိုပြုပြဋ္ဌာန်းချက်အတိုင်း အတည်ပြုသင့်ကြောင်း ဥပဒေကြမ်းကော်မတီက သဘောထားမှတ်ချက်ပြုခဲ့သည်။ ထို့ပြင် ပုဒ်မခွဲ (ခ) တွင် ဤဥပဒေသည် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေနှင့် သက်ဆိုင်ခြင်းမရှိစေရဟု အသစ်ဖြည့်စွက် ထားသည်။
ဥပဒေကြမ်း၏ ပုဒ်မ ၄၁၉ တွင်လည်း ဤဥပဒေပါပြဋ္ဌာန်းချက်များသည် ဤဥပဒေ အာဏာတည်သည့် နေ့ရက်မတိုင်မီက ဆောင်ရွက်နေသော ကုမ္ပဏီများ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊ အစုစပ်လုပ်ငန်းများဖျက်သိမ်းခြင်း၊ တစ်သီးပုဂ္ဂလ လူမွဲခံယူခြင်းတို့နှင့် သက်ဆိုင်ခြင်း မရှိစေရ။ ယင်းကုမ္ပဏီများ ဖျက်သိမ်းခြင်းနှင့် တစ်သီးပုဂ္ဂလလူမွဲခံယူခြင်းတို့ကို ဆောင်ရွက်ရာတွင် ယခင်ဥပဒေများနှင့် အညီ ဆက်လက်ဆောင်ရွက်ရမည်ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည်။
ယင်းဥပဒေကြမ်းနှင့်ပတ်သက်ပြီး ဆွေးနွေးမည့် ကိုယ်စားလှယ်များအနေဖြင့် ဇန်နဝါရီ ၂၈ ရက် နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်