Top News

သာကေတမြို့နယ် ရှုခင်းသာမြို့ပတ်လမ်း ၅ ကွေ့မှတ်တိုင်အနီးတွင် ဆန်များ တင်ဆောင်လာသည့် ကွန်တိန်နာယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက်
24htopnews | January 3, 2025 11:12 AM CST

သာကေတမြို့နယ် ရှုခင်းသာမြို့ပတ်လမ်း ၅ ကွေ့မှတ်တိုင်အနီး ဆန်များ တင်ဆောင်လာသည့် ကွန်တိန်နာယာဉ်တစ်စီး အရှိန်လွန်ကာ တိမ်းမှောက်မှု ဇန်နဝါရီ ၂၃ ရက် ည ၉ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်မှာ သန်လျင်တံတားဘက်မှ ဒေါပုံမြို့နယ်ဘက်သို့ ရှုခင်းသာမြို့ပတ်အတိုင်း မောင်းနှင်လာသည့် ဆန်များ တင်ဆောင်ထားသည့် ကွန်တိန်ယာဉ်သည် ၅ ကွေ့ မှတ်တိုင်အနီး ကွေ့ရာ အရှိန်လွန်ပြီး တိမ်းမှောက်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်၏ ဆီတိုင်ကီမှ ဆီယိုစိမ့်မှုဖြစ်ပွားခဲ့ပြီး မီးသတ်ယာဉ်များနှင့် ကြက်ခြေနီအသင်းအဖွဲ့များ လာရောက်ခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားပြီးနောက် ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ယာဉ်ပေါ် ပါလာသည့် စပယ်ယာတစ်ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကာ အခြားထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ရှုခင်းသားမြို့ပတ်လမ်း ၅ ကွေ့အနီး ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ လာရောက်ရှင်းလင်းခဲ့ကာ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်သူများက အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခု ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် ရှုခင်းသာမြို့ပတ်လမ်း ၅ ကွေ့ တွင် မကြာခဏ မော်တော်ယာဉ်များ အရှိန်လွန်တိမ်းမှောက်မှု ဖြစ်ပွားလေ့ရှိကြောင်း ဒေသခံပြည်သူများ၏ ပြောပြချက်အရ သိရသည်။

 


READ NEXT
Cancel OK