Top News

၂၀၁၈ ခုနှစ်သည် ငါးနှစ်အတွင်း ခရီးသည်ဝင်ရောက်မှု အနည်းဆုံးဖြစ်သော်လည်း ရန်ကုန်လေဆိပ်ကို အဆင့်မြှင့်တင်မှု တိုးချဲ့ပြုလုပ်နေပြီး တိုးတက်လာမည့် ခရီးသည်လိုအပ်ချက်အတွက် အသင့်ဖြစ်နေကြောင်း အေးရှားဝေါလ်ကုမ္ပဏီဥက္ကဋ္ဌ ပြောကြား
24htopnews | January 3, 2025 11:12 AM CST

၂၀၁၈ခုနှစ်သည် ငါးနှစ်တာအတွင်း ခရီးသည်ဝင်ရောက်မှုနှုန်း အနည်းဆုံးနှစ် ဖြစ်သော်လည်း ရန်ကုန်လေဆိပ်အား အဆင့်မြှင့်တင်မှုများ တိုးချဲ့ပြုလုပ်နေပြီး တိုးတက်လာမည့် ခရီးသည်လိုအပ်ချက်အတွက် အသင့်ဖြစ်နေကြောင်း အေးရှားဝေါလ် ကုမ္ပဏီဥက္ကဋ္ဌ ဦးထွန်းမြင့်နိုင်က ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

'လွန်ခဲ့တဲ့ ငါးနှစ်တာကာလအတွင်း ရန်ကုန်လေဆိပ်ကို ဝင်ရောက်တဲ့ခရီးသည် တစ်နှစ်ကို ၈ ဒသမ ၆ရာခိုင်နှုန်းတိုးတက်လာခဲ့ပါတယ်။ ၂၀၁၈ခုနှစ်ကတော့ ငါးနှစ်တာအတွင်းမှာ ခရီးသည်ဝင်ရောက်မှု အနည်း ဆုံးနှစ်ဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့အနေနဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆက်လက် အဆင့်မြှင့်တင်တိုးချဲ့မှုတွေကို လုပ်ဆောင်နေကာ အစိုးရ၊ ပြည်သူလူထုနဲ့  ခရီးသွား လုပ်ငန်းနယ်ပယ်ထဲက သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး စျေးကွက်အသစ်တွေ ရရှိဖို့ဆောင်ရွက်နေပြီး အနာဂတ်လိုအပ်ချက်တွေအတွက် အသင့် ဖြစ်နေပါပြီ  ဟု အေးရှားဝေါလ် ကုမ္ပဏီဥက္ကဋ္ဌ ဦးထွန်းမြင့်နိုင်က အေးရှားဝေါလ်ကုမ္ပဏီ၏ ၂၀၁၉ ခုနှစ် ပထမနှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဝင်ရောက်လာသည့် ခရီးသည်ဦးရေမှာ နိုဝင်ဘာ ၁၅ ရက်က ငါးသန်း ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၅ ရက်အထိ ခရီးသည်ဝင်ရောက် မှုနှုန်းမှာ ၂၀၁၇ ခုနှစ် တစ်နှစ်လုံးတွင် ရန်ကုန်လေဆိပ်သို့ ဝင်ရောက်သည့် ခရီးသည်ဦးရေနှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၅ ရာ ခိုင် နှုန်းသာ တိုးတက်မှုရှိကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ဝန်ဆောင် မှုနှင့် စီမံခန့်ခွဲမှုအား တာဝန်ယူဆောင်ရွက်နေသည့်  Yangon Aerodrome Company ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့်ငါးနှစ်တာကာလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ခရီးသည်ဝင်ရောက်မှုနှုန်းမှာ တစ်နှစ်လျှင်  ၈ ဒသမ ၆ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာလေဆိပ်သုံးခုအနက် ခရီးသည်ဝင်ရောက်မှု အများဆုံး လေဆိပ်တစ်ခုဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်အတွင်း အာရှစျေးကွက်မှ ခရီးသွားဧည့်သည်များ ဝင်ရောက်မှုနှုန်းမှာ ဆက်လက်တိုးတက်နေသော်လည်း မြန်မာ နိုင်ငံအပေါ် ပြည်ပမီဒီယာများ၏ ဝေဖန် ရေးသားချက်များကြောင့် ဥရောပနှင့် မြောက် အမေရိကစျေးကွက်မှ ခရီးသွားများဝင်ရောက်မှုနှုန်းအပေါ် အကျိုးသက်ရောက်မှုများ ရှိနေသည်ဟု  ထင်ရကြောင်း   Yangon Aerodrome Company  Ltd  ၏ စီအီးအို ဖြစ်သူက ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်း တရုတ်နိုင်ငံမှ လေကြောင်းလိုင်းခြောက်ခုက ခရီးစဉ် ၁၁ ခု အထိ တိုးချဲ့ပျံသန်းခဲ့ပြီး တရုတ်နိုငံမှ ခရီးသွားဝင်ရောက်မှု ယမန်နှစ်ထက် ၃၈ ဒသမ ၃၈ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်းနေသော တရုတ်လေကြောင်းလိုင်း ခြောက်ခုက နှစ်နိုင်ငံအကြား နေ့စဉ်ပျံသန်း နေသော ခရီးစဉ် ၁၁ ခု အထိရှိကြောင်း သတင်းရရှိသည်။                                     


READ NEXT
Cancel OK