
တံတားနှစ်စင်း ၂၆ ကီလိုမီတာရှိ လမ်းမကြီးများ အပါအဝင် ရန်ကုန်မြို့သစ်စီမံကိန်းများအတွက် ပထမအကြိမ် NYDC Challenge တင်ဒါကို ဖေဖော်ဝါရီလလယ်တွင် ခေါ်ဆိုနိုင်ရန် ကြိုးပမ်းနေကြောင်း New Yangon Development ကုမ္ပဏီမှ သိရသည်။
NYDC အနေဖြင့်၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့သစ် Master Plan ပထမအဆင့်နှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲ (visioning workshop) ကို ပြုလုပ်ခဲ့ပြီး အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဗိသုကာအသင်းနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတို့မှ အဖွဲ့ဝင်များ၊ NYDC မှ သက်ဆိုင်သူ များနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်မြို့သစ်စီမံကိန်း အတွက် Urban Master Planning and Design ရေးဆွဲရန် ရွေးချယ်ထားသည့် AECOM မှ ရန်ကုန်မြို့သစ်၏ Master Plan ပထမအဆင့်မူကြမ်းကို တင်ပြဆွေးနွေးခဲ့သည်။ အဆိုပါ Master Plan ပထမအဆင့် မူကြမ်းကို Royal Haskoning DHV က ရေးဆွဲထားသည့် မဟာဗျူဟာကျ ရေလွှမ်းမိုးမှုဆိုင်ရာ အကဲဖြတ်ချက် (Strategic Flood Risk Assessment) ၊ (Oriental Consultants)၊ က ရေးဆွဲထား သည့် ယာဉ်ကြောပိတ်ဆို့မှုနှင့် လမ်းပန်းဆက်သွယ်မှု စီမံရေးအကဲဖြတ်ချက် (Traffic & Transport Planning) တို့၏ လေ့လာတွေ့ရှိမှုများကို ပေါင်းစည်းရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။
“နောင်အနာဂတ် ရန်ကုန်မြို့သစ်ကို ပုံဖော်ပေးမယ့် ဒီ Master Plan ဟာ NYDC အတွက် အရေးကြီးတဲ့ အဆင့်ဖြစ်ပါတယ်။ Master Plasn ပထမအဆင့်မူကြမ်းကို ရှင်းလင်းတင်ပြခဲ့တဲ့ ဒီအလုပ်ရုံဆွေးနွေးပွဲဟာ သွက်လက်တဲ့ ဆွေးနွေးပွဲတစ်ခုဖြစ်ခဲ့ပြီး တက်ရောက်လာသူတွေထံက အကြံဉာဏ်ကောင်းတွေ အများကြီးရရှိခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အနေနဲ့လည်း တက်ရောက်လာသူတွေရဲ့ မေးမြန်းချက်တွေဖြစ်တဲ့ ရေကြီးရေလျှံမှု၊ ရေအရင်းအမြစ်နှင့် ဇီဝဂေဟစနစ် (ecological system) ကို တိုး တက်မြင့်မားစေရေး၊ မြို့ကြီးတွေမှာ အများနားနေနိုင်တဲ့နေရာများ ဖော်ထုတ်နိုင်ရေး အစရှိတဲ့ မေးခွန်းတွေကို တက်ကြွစွာ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ရန်ကုန်မြို့သစ် Master Plan ရေးဆွဲခြင်းကို Town Hall နဲ့ အခြားသက်ဆိုင်ရာကဏ္ဍအလိုက် အကြံပေးတွေလည်း ဆက်လက်လုပ်ဆောင်လျက်ရှိပြီး နောက်လာမယ့်ရက်သတ္တပတ်တွေ အတွင်းမှာ မူကြမ်းဒုတိယအဆင့် ထွက်ရှိလာမှာ ဖြစ်ပါတယ်။ Master Plan အပြီးသတ် ရေးဆွဲပြီးတဲ့အခါမှာ Town Hall တစ်ခုပြုလုပ်ပြီး final Master Plan ကို ရှင်းလင်းတင်ပြပြီး အကြံပြုချက်တွေကို ထပ်မံတောင်းခံသွားပါမယ်။ Master Plan ရေးဆွဲခြင်းနဲ့ တစ်ချိန်တည်းမှာပဲ ကနဦးအခြေခံ အဆောက်အအုံ ဆောက်လုပ်ရေးလုပ်ငန်းတွေ အတွက် ပထမအကြိမ် NYDC Challenge ကို ဖေဖော်ဝါရီလလယ်ပိုင်းအချိန်မှာ စတင်နိုင်အောင် ကြိုးစားနေပါတယ်” ဟု NYDc ၏ CEO ဦးသိမ်းဝေက ပြောကြားသည်။
တံတားနှစ်စင်း ၂၆ ကီလိုမီတာရှိ လမ်းမကြီးများအပါအဝင် ရန်ကုန်မြို့သစ်စီမံကိန်းများအတွက် NYDC Challenge တင်ဒါခေါ်ဆိုနိုင်ရေးအတွက် လိုအပ်သည့် Pre-Project Documents (PPD) တွင် ပါဝင်မည့် တည်ဆောက်ရေးလုပ်ငန်းစီမံကိန်းများမှာ တံတားအမှတ်(၁) - ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်း၊ ဗားကရာလမ်းအနီးမှ မြို့သစ်အထိ လှိုင်မြစ်ပေါ်တွင် တည်ဆောက်မည့် ခြောက်လမ်းသွားတံတား၊ တံတားအမှတ် (၂) -လက်ရှိ ပန်းလှိုင်မြစ်ကူးတံတားနှင့်ယှဉ်လျက် နှစ်လမ်းသွားတံတား၊ ၂၆ ကီလိုမီတာရှိ အဓိက လမ်းမကြီးများ၊ ပြန်လည်နေရာချထားမည့် မြို့ရွာငါးခု၏ အခြေခံအဆောက်အအုံ၊ ကနဦးဆောက်လုပ်မည့် (၁၀)စတုရန်း ကီလို မီတာရှိသော စက်မှုဇုန်ဧရိယာ (Industrial Estate) အခြေခံအဆောက်အအုံများ၊ စီမံကိန်းတစ်ခုလုံးကို ရေပေးဝေနိုင်မည့် ပမာဏရှိသော ရေသန့်စင်စက်ရုံ (Water Treatment Plant)၊ စီမံကိန်းတစ်ခုလုံး အသုံးပြုနိုင်သည့် ပမာဏရှိသော ရေဆိုးသန့်စင်စက်ရုံ (Waste Water Treatment Plant)၊ တိုးမြစ်အနီး၊ မြို့သစ်နှင့် (၃၂)ကီလိုမီတာခန့် ကွာဝေးသော နေရာတွင် တည်ဆောက်မည့် ရေပေးဝေရေး ပင်မအဆောက်အအုံ (Water Intake Facility) နှင့် အဓိက ရေဖြန့်ဝေရေး ပိုက်လိုင်းများနှင့် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးကွန်ရက် (Power Distribution & Transmission facilities) များ ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်