Top News

မောင်တောနယ်စပ်၌ ကျပ်သိန်းပေါင်း လေးထောင်ကျော်တန်ဖိုးရှိ စိတ်ကြွ ဆေးပြားပေါင်းနှစ်သိန်းကျော်ကို နေရာနှစ်ခုတွင် ပိုင်ရှင်မဲ့ဖမ်းဆီးရမိ
24htopnews | January 3, 2025 11:12 AM CST

ဇန်နဝါရီ ၂၂  ရက် နံနက် ၆ နာရီခန့် တွင် မောင်တောမြို့နယ် နယ်မြေ(၆) ပြင်ဖြူ ချောင်းဝအနီး ခန့်မှန်းမြေပုံညွှန်း ဒီယူ-၂၈၇၀၉၇ ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရေယာဉ်နှစ်စင်းဖြင့် လှည့်ကင်းလုံခြုံရေးဆောင်ရွက်နေစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ပလတ်စတစ်ပုံးဖြင့် ကူးခတ်နေသည့် အမျိုးသား တစ်ဦးအားတွေ့ရှိ၍ အချက်ပြခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ တစ်ဖက်နိုင်ငံရေ ပိုင်နက်အတွင်း ကူးခတ်ထွက်ပြေးသွားသဖြင့် ပလတ်စတစ်ပုံး တစ်ပုံးကို သိမ်းဆည်းရမိ စစ်ဆေးရာ  WY စိတ်ကြွ ဆေးပြား ၂၉၂၅၀ ပြား (တစ်ပြားလျှင် ကျပ် ၂,၀၀၀ နှုန်းဖြင့် တန်ဖိုး ၅၈,၅၀၀,၀၀၀ ) အား တွေ့ရှိသဖြင့် ပြင်ဖြူနယ်မြေရဲစခန်း မူးယစ်(ပ)၁/ ၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က) /၂၀(ခ) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပြီး ကွင်းဆက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ထုတ် ပြန်ချက်အရ သိရသည်။

အလားတူ ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် မောင်တောမြို့နယ်၊ နယ် မြေ (၅)၊ ကြက်ရိုးပြင်ကျေးရွာရှိ လူနေထိုင်ခြင်း မရှိသည့် ဂူရာဆာန် (၅၈) နှစ်၊ မွတ်စလင်၊ အစ္စလာမ်၊ ကျပန်း၊ (ဖ) အေရှားဒူလာ၏နေ အိမ်သို့ မူးယစ်ဆေးဝါးသတင်းအရ ပူးပေါင်း အဖွဲ့မှ ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်း အတွင်း ဆာလာအိတ်နှစ်အိတ်ဖြင့်ထည့်ထား သည့်  WY/R စိတ်ကြွဆေးပြား ၁၉၄၈၀၅ ပြား (တစ်ပြားလျှင် ကျပ် ၂,၀၀၀ နှုန်းဖြင့် တန်ဖိုး  ၃၈၉,၆၁၀,၀၀၀ )ကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သဖြင့် ငါးခူရနယ်မြေ ရဲစခန်း မူးယစ် (ပ)၁/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိပြီး ကွင်းဆက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။     

 

 


READ NEXT
Cancel OK