Top News

တောင်ဥက္ကလာနှင့် အလုံမြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်းများကို စစ်ဆေးရာ GMP နှင့်အညီ ထုတ်လုပ်မှုမရှိသောလုပ်ငန်းများအား ပိတ်သိမ်း
24htopnews | January 3, 2025 11:12 AM CST

တောင်ဥက္ကလာနှင့် အလုံမြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်းများအား ရှောင်တခင် စစ်ဆေးရာ GMP  နှင့်အညီ ထုတ်လုပ်မှုမရှိသော လုပ်ငန်းများအား မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ပိတ်သိမ်းအရေးယူခဲ့သည်။

ဇန်နဝါရီ ၁၇ ရက်က အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနခွဲ(ရန်ကုန်)သည် မြို့နယ်အစား အသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲ ရေးကော်မတီဝင်များနှင့် အလုံမြို့နယ်ရှိ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် ရရှိထားခြင်းမရှိသော ကောင်းကောင်းနှင့် Shwe Myanmar အမှတ်တံဆိပ် သောက်ရေသန့်လုပ်ငန်းအား ရှောင်တခင် ကွင်းဆင်းစစ်ဆေးရာစက်ရုံမှာ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်(GMP)နှင့်  ကိုက်ညီမှုမရှိသဖြင့် လုပ်ငန်းအား ပိတ်သိမ်း အရေးယူခဲ့ပြီး ဖြန့်ဖြူးထုတ်လုပ်ရောင်းချခြင်း မပြုရန် ညွှန်ကြားခဲ့ကြောင်းနှင့် လိုက်နာမှု မရှိက တည်ဆဲ ဥပဒေများအရ အရေးယူသွား မည်ကိုသိရှိပါကြောင်း လုပ်ငန်းအားခံဝန် ကတိရေးထိုး အရေးယူခဲ့ကြောင်းသိရသည်။

ထို့ပြင် ဇန်နဝါရီ ၂၁ ရက်ကလည်း တောင်ဥက္ကလာပမြို့နယ်ရှိ အစားအသောက် ထုတ်လုပ်ခြင်းထောက် ခံချက်ရရှိထားသော သောက်ရေသန့် လုပ်ငန်းများအား ရှောင်တခင် စစ်ဆေးခဲ့ရာ သောက်ရေသန့် လုပ်ငန်း အချို့မှာကောင်းမွန်သောထုတ်လုပ်မှု ကျင့်စဉ် (GMP) နှင့် ကိုက်ညီမှုမရှိသဖြင့် အကြီးစားပြုပြင်ရန်နှင့် ယာယီရပ်ဆိုင်းပိတ်သိမ်း အရေးယူခဲ့ပြီး  GMP နှင့်အညီ ပြန်လည်ပြုပြင်ရန်၊ ပြုပြင်ဆောင်ရွက်နေစဉ်အတွင်း ဖြန့်ဖြူး ထုတ်လုပ်ရောင်းချခြင်းမပြုရန် ညွှန်ကြားခဲ့ကြောင်းလည်း သိရသည်။

လက်ရှိ မှတ်ပုံတင်ထားသော သောက်ရေသန့် ထုတ်လုပ်သည့် လုပ်ငန်းပေါင်း ၆၀၀ ကျော်ရှိပြီး လတ်တလော ပိတ်သိမ်းထားသည့် လုပ်ငန်းများအနေဖြင့် ပြုပြင်မွမ်းမံပြီး ထောက်ခံချက် ပြန်လည်လျှောက်ထားခြင်း (သို့မဟုတ်) သက်တမ်းတိုးခြင်းများ ပြုလုပ်ပါက ပြန်လည်လုပ်ကိုင်ခွင့် ပြုသွားမည်ဖြစ် ကြောင်းနှင့် လတ်တလော ပိတ်သိမ်းအရေးယူထားသော သောက်ရေသန့်အမှတ်  တံဆိပ်များ စျေးကွက်အတွင်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းတွေ့ရှိပါက မြန်မာနိုင်ငံအစား အသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ(သို့မဟုတ်) မြို့နယ်အစား အသောက် နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီ၊  မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ အထောက်အထားနှင့်တကွ တိုင်ကြားနိုင်သည်။

စျေးကွက်ထောက်လှမ်း စိစစ်ချက်အရ အချို့သော သောက်ရေသန့်များမှာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အရည်အသွေး စိစစ်ထောက်ခံထားသည့် သောက်ရေသန့်များ မဟုတ်ကြောင်းနှင့် ယခင်ကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မှတ်ပုံတင်ထားခြင်းမရှိသော စံချိန်စံညွှန်း မညီထုတ်လုပ်သည့် သောက်ရေသန့်လုပ်ငန်းများကိုလည်း လုပ်ငန်းပိတ်သိမ်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။             


READ NEXT
Cancel OK