Top News

■ ဒဏ်ရာကြောင့် ဘိုဝင် (၆)ပတ်ခန့် နားရမည်ဟု လိုပယ်တယ်ဟီ အတည်ပြု     
24htopnews | January 3, 2025 4:12 PM CST

ဝက်စ်ဟမ်းအသင်း၏နည်းပြ လိုပယ်တယ်ဟီက အသင်းခေါင်းဆောင် ဘိုဝင်သည် ခြေထောက်ဒဏ်ရာကြောင့် (၆) ပတ်ဝန်းကျင်အနားယူရမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ 

ဘိုဝင်သည် လီဗာပူးလ်နှင့်ပွဲတွင် အဆိုပါဒဏ်ရာရှိခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရှိလျက်နှင့် မိနစ်(၃၀)ဝန်းကျင် ပါဝင်ကစားခဲ့ကြောင်း သိရသည်။ 

သို့သော် ယခုအခါ ဒဏ်ရာမှာ ဆိုးရွားလာခြင်းကြောင့် (၆)ပတ်ဝန်းကျင် အနားယူရတော့ မည်ဖြစ်ကြောင်း သိရသည်။ 

လိုပယ်တယ်ဟီဟ အသင်း၏ အဓိကကစားသမားတစ်ယောက်အား ဆုံးရှုံးရမည်ဖြစ်သော်လည်း ဖြေရှင်းနိုင်မည့်နည်းလမ်းကို ရှာဖွေသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


READ NEXT
Cancel OK