
KIA၊ TNLA၊ PDF ထိန်းချုပ်နယ်မြေများသို့ စက်သုံးဆီများ သိုလှောင်ရောင်းဝယ်နေသူ ၁၇ ဦးအား ဆီသယ်ယာဉ် ၂၂ စီး၊ စက်သုံးဆီမျိုးစုံ ဂါလန် ခြောက်သောင်းကျော်နှင့်အတူ ဖမ်းဆီးရမိကြောင်း နစက သသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
စက်သုံးဆီများအား စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဇင်ကျေးရွာ၊ ကံတလူ ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးတွင် ဆီသိုလှောင်ခြံများပြုလုပ်၍ သိုလှောင်ရောင်းဝယ်လျက်ရှိကြောင်း သတင်းရရှိသဖြင့် ဒီဇင်ဘာ ၂၇ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့ရာ မန္တလေးမြို့နေ ပိုင်ရှင် ဦးသိန်းသန်းဝင်း(တိမ်းရှောင်) ပိုင်ဆိုင်သည့် သိန်းသန်းစက်သုံးဆီခြံ၊ ဆားတောင်မြို့နေ ဒေါ်ထက်ထက်မျိုးဆွေ ဦးစီးလုပ်ကိုင်လျက်ရှိသည့် စက်သုံးဆီခြံ၊ မြင်းမူမြို့နေ ဒေါ်ဇင်မာမြင့် ဦးစီးလုပ်ကိုင်လျက်ရှိသည့် စက်သုံးဆီခြံ၊ မြစ်ငယ်မြို့နေ မျိုးမင်း(တိမ်းရှောင်)ပိုင်ဆိုင်သည့် စက်သုံးဆီခြံနှင့် Golden Star စားသောက်ဆိုင်အနီးတွင် ရပ်တန့် ထားသည့်တရားမဝင် စက်သုံးဆီရောင်းဝယ်သည့်ယာဉ်များ စသည့်နေရာများမှ လူ ၁၇ ဦးအား ၂၂ ဘီး ဆီသယ်ယာဉ် လေးစီး၊ ဆီနောက်တွဲယာဉ် တစ်စီး၊ ၂ဝ ဘီး ဆီသယ်ယာဉ် သုံးစီး၊ ၁၂ ဘီး ဆီသယ်ယာဉ် တစ်စီး၊ ၁ဝ ဘီး ဆီသယ်ယာဉ် သုံးစီး၊ ၈ ဘီးဆီသယ်ယာဉ် တစ်စီး၊ ၆ ဘီး ဆီသယ်ယာဉ် သုံးစီး၊ Light Truck ယာဉ် ငါးစီး၊ Toyota Van တစ်စီး၊ စုစုပေါင်းယာဉ် ၂၂ စီး၊ ပရီမီယမ်ဒီဇယ် ၃ဝဝ၈၃ ဂါလန်၊ အောက်တိန်း 92 ဓာတ်ဆီ ၃၀၄၆၂ ဂါလန်၊ စုစုပေါင်းစက်သုံးဆီမျိုးစုံ ၆၀၅၄၅ ဂါလန်နှင့် အရောင်းအဝယ်ပြုလုပ်ရာတွင် အသုံးပြုသည့်ငွေများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စိစစ်ဖော်ထုတ်ချက်များအရ စက်သုံးဆီများအား မန္တလေးမြို့မှတစ်ဆင့် ဧရာဝတီတံတား(ရတနာပုံ)အားဖြတ်သန်း၍ စစ်ကိုင်း- ရှိန်းမကား- ကမ်းဖြူ- သစ်စိမ့်ကြီးသို့ စစ်ကိုင်း-ရွှေဘို အမှတ်(၃)ခရိုင်ချင်းဆက်လမ်းမကြီးအတိုင်း သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် KIA အဖွဲ့ ထိန်းချုပ်လုပ်ကိုင်လျက်ရှိသော ဖားကန့်ဒေသရှိ ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းများ၊ တနိုင်းဒေသရှိ ရွှေနှင့်ပယင်းမှော်လုပ်ငန်းများသို့ လည်းကောင်း၊ PDF အဖွဲ့များ ထိန်းချုပ်လုပ်ကိုင်လျက်ရှိသော ကောလင်းဒေသရှိ တရားမဝင်ရွှေလုပ်ကွက်များနှင့် ချင်းတွင်း မြစ်ကြောင်းတစ်လျှောက်ရှိ တရားမဝင်ရွှေလုပ်ကွက်များ၊ TNLA/PDF အဖွဲ့များ ထိန်းချုပ်လုပ်ကိုင်လျက်ရှိသော စဥ့်ကူးမြို့နယ်၊ သပိတ်ကျင်းဒေသရှိတရားမဝင်ရွှေလုပ်ကွက်များသို့ လည်းကောင်း၊ မိုးကုတ်ဒေသရှိ တရားမဝင်ကျောက်မျက်တူးဖော်ရေးလုပ်ကွက်များသို့ လည်းကောင်း အသီးသီးပို့ဆောင်ရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများမှလည်း စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုအပေါ်မူတည်၍ တရားဝင်ဖွင့်လှစ်ရောင်းချလျက်ရှိသော စက်သုံးဆီဆိုင်များမှတစ်ဆင့် စက်သုံးဆီများ ဝယ်ယူစုဆောင်းကာ အရေအတွက်များလာပါက တရားမဝင်ဆီသိုလှောင်ခြံများသို့ သွားရောက်ရောင်းချသဖြင့် တရားမဝင်စက်သုံးဆီ ရောင်းဝယ်သည့်လုပ်ငန်းများ ပေါ်ပေါက်နေပြီး ဈေးကွက်တစ်ခုသဖွယ် ဖြစ်ပေါ်လျက်ရှိသောကြောင့် ပြည်တွင်းဈေးကွက်၌ စက်သုံးဆီဈေးနှုန်းများမြင့်တက်လာခဲ့ပြီး ဆီဈေးနှုန်းကြီးမြင့်မှုပေါ်မူတည်၍ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများလည်း မြင့်တက်နေခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အစိုးရက တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်တွင်း၌ စက်သုံးဆီဖူလုံမှုရှိစေရေးအတွက်လည်းဆောင်ရွက်လျက်ရှိရာ MNDAA/TNLA/ KIA အဖွဲ့များနှင့် PDF အဖွဲ့များ အခြေပြုနေထိုင်လျက်ရှိသည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ အချို့ဒေသများသို့ ပြည်မမှ စက်သုံးဆီများသယ်ဆောင်ရောင်းချနိုင်ခြင်း မပြုနိုင်စေရေးအတွက် ပိတ်ဆို့တားဆီးထားရှိသော်လည်း အချို့သော စီးပွားရေးလုပ်ငန်းရှင်များက စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ အချို့ နေရာဒေသများတွင် လုံခြုံရေးဆိုင်ရာ ကန့်သတ်ချက်ရှိမှုအပေါ် အခွင့်ကောင်းယူ၍ ရှောင်ကွင်းလမ်းများ အသုံးပြုကာ နည်းလမ်းမျိုးစုံဖြင့် သယ်ဆောင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အချို့သောကျေးရွာများတွင် ဆီသိုလှောင်ထားရှိရာ နေရာများပြုလုပ်၍ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသများသို့ ပို့ဆောင်ကာ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချလျက်ရှိကြောင်း ပြည်သူများ၏ သတင်းပေးပို့မှုအရ သိရှိခဲ့ခြင်းဖြစ်သည်ဟု နစက သသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
ယင်းသို့ တရားမဝင်စက်သုံးဆီများ သိုလှောင်ရောင်းချမှုပြုလုပ်ခဲ့သူ (၁၇)ဦးအား အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ ဖြင့် ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ဖမ်းဆီးရမိခဲ့သည့်ယာဉ်များနှင့် စက်သုံးဆီများအား စိစစ်မှုများပြုလုပ်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်