Top News

■ Overthinking ဂွါဒီယိုလာ      
24htopnews | January 3, 2025 9:12 PM CST

ဂွါဒီယိုလာက သူ့ကိုယ်သူ သံသယစိတ် လွန်ကဲနေတယ်။ အဲဒီသံသယစိတ်က ရလဒ်ဆိုးတွေကြား ချောင်ပိတ်မမိခင်ကတည်းက ရင်ဆိုင်နေရတာပါ။ နောက်ဆုံး (၁၄) ပွဲမှာ (၉) ပွဲအထိ အညံ့ခံရပြီးနောက် ဂွါဒီယိုလာရဲ့သူ့ကိုယ်သူ သံသယစိတ်လွန်ကဲမှုဟာ ပိုပြီးကြီးမားလာပြီ။ မန်စီးတီးရဲ့ လက်ရှိ အခြေအနေက ဂွါဒီယိုလာအတွက် ကပ်ဘေးပဲ။ အရင်တုန်းက (၁၀၆) ပွဲကစားမှ (၉) ပွဲရှုံးတဲ့ မန်စီးတီးက နောက်ဆုံး (၁၄) ပွဲမှာ (၉) ပွဲအထိ ရှုံးထားတာဟာ တကယ် Shock ဖြစ်ချင်စရာပါ။ အောက်တိုဘာ လကုန်ပိုင်းအထိ မန်စီးတီးက ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိဘဲ ငါးရာသီဆက် ချန်ပီယံဆုမျှော်လင့်ချက် အားကောင်းနေခဲ့တယ်။ အခု မန်စီးတီးက ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် (၇) နေရာ ရောက်သွားပြီ။


READ NEXT
Cancel OK