Top News

■ စိတ်လှုပ်ရှားဖွယ်အခြေအနေကို မိမိတို့ ကောင်းစွာစီမံခန့်ခွဲနိုင်ခဲ့ကြောင်း အာတီတာ မှတ်ချက်ပြု     
24htopnews | January 3, 2025 9:12 PM CST

အာဆင်နယ်နည်းပြ အာတီတာက ဘရန့်ဖို့ဒ်အသင်း အား (၃-၁) ဂိုးဖြင့် အနိုင်ရသည့် ပွဲအပြီးတွင် စိတ်လှုပ်ရှားဖွယ်အခြေအနေကို မိမိတို့ ကောင်းစွာစီမံခန့်ခွဲနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

    

အာဆင်နယ်အသင်းသည် ယင်းပွဲတွင် ပွဲအစ (၁၃) မိနစ်ကတည်းက အိမ်ရှင်အသင်းဘက်သို့ အမ်ဘူမို၏ဦးဆောင်ဂိုး ပေးလိုက်ရသော်လည်း (၂၉) မိနစ်တွင် ဂျေးဇူးက ချေပဂိုးပြန်သွင်းခဲ့ပြီး (၅၀) မိနစ်တွင် မယ်ရီနိုနှင့် (၅၃)မိနစ်တွင် မာတင်နယ်လီက အနိုင်ဂိုးများ သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ 

အာဆင်နယ်အသင်းအနေဖြင့် ယခုနိုင်ပွဲကြောင့် အမှတ်ပေးဇယား ဒုတိယနေရာသို့ ပြန်လည်ရောက်ရှိလာပြီး ဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်းကို တစ်ပွဲပို ခြောက်မှတ်အကွာဖြင့် ဆက်လက်ဖိအားပေးလျက်ရှိသည်။ 

ပွဲအပြီးတွင် အာဆင်နယ်နည်းပြ အာတီတာက "နိုင်ပွဲက ကြီးမားပါတယ်။ သူတို့ဟာ တကယ်ကို ကောင်းတဲ့အသင်းပါ။ နည်းပြ မှုကလည်း အရမ်းကောင်းပါတယ်။ သူတို့ဟာ အိမ်ကွင်းမှာ ထူးခြားမှုတွေရှိတဲ့ အသင်းဖြစ်တယ်။ အထူးသဖြင့် ပွဲအစမှာပဲ တစ်ဂိုးအရှုံးကနေ လိုက်ကစားရတဲ့ပွဲဟာ တောင်တစ်လုံးကို တက်ရသလိုပါပဲ။ ဒါပေမဲ့ အသင်းဟာ စိတ်ရှည် သည်းခံစွာနဲ့ ကစားခဲ့တယ်။ ကျွန်တော်တို့ ဒီစိတ်လှုပ်ရှား စရာအခြေအနေကို ကောင်းစွာစီမံခန့်ခွဲနိုင်ခဲ့တယ်။ ကျွန်တော့်ကစားသမားတွေကို တကယ်နှစ်သက်ပါတယ်။ ကျွန်တော်တို့မှာ အရည်အသွေးနဲ့ အာရုံနှစ်မြှုပ်ထားမှုတွေ အ များကြီးရှိတယ်လို့ ယုံကြည်တယ်။ ကျွန်တော်တို့အနေနဲ့ ကိုယ်တိုင်ကစားရမယ့် လာမယ့်ပွဲကိုသာ အနိုင်ရနိုင်ပါ တယ်။ ဘာတွေဖြစ်လာမလဲ ကြည့်ရအောင်ပါ။ တခြားအ သင်းရလဒ်တွေက ကျွန်တော်တို့လက်ထဲမှာ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့လက်ထဲမှာ ရှိတဲ့အရာကိုတော့ သေချာ အောင်လုပ်ရပါမယ်"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် အာတီတာက ယခုပွဲ၌ ပရီးမီးယားလိဂ်တွင် ပထမဆုံးပွဲထွက်ကစားခွင့်ရခဲ့သည့် (၁၇) နှစ်သားအရွယ်ဖြစ်သူ နွမ်နယ်ရီ၏ခြေစွမ်းကိုလည်း ချီးကျူးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။ 


READ NEXT
Cancel OK