
အစိုးရက ပြုပြင်ပြောင်းလဲမှုများ လုပ်ပေးနေသော်လည်း ပုဂ္ဂလိကကဏ္ဍက ချက်ချင်းမသိသည့်အခါတွင် တုံ့ပြန်ချက်များက မပြောင်းလဲသေးသည့်အတွက် စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှုအညွှန်း(Doing Business) တွင် အမှတ်မရနိုင်သေးခြင်းဖြစ်ကြောင်း ဒုတိယသမ္မတဦးမြင့်ဆွေက နိုဝင်ဘာ ၂ ရက်က ကျင်းပသည့် “Doing Business 2020 and the Way Forward” အခမ်းအနားတွင် ပြောကြားခဲ့သည်။
“ယခုနှစ်တွင် ထုတ်ပြန်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူမှု ၂၀၂၀ အစီရင်ခံစာ(Doing Business 2020 Report) တွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် လွယ်ကူအောင် ပြုပြင်ပြောင်းလဲမှု များ ဆောင်ရွက်ရာတွင် တိုးတက်မှုအကောင်းဆုံးနိုင်ငံ၂ဝတွင် မြန်မာနိုင်ငံပါဝင်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ Doing Business Website မှာ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၇ ရက်က ဖော် ပြခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ထူးခြားတဲ့ အောင်မြင်မှုရလဒ်ကောင်းတစ်ခု စတင်ရရှိလာပြီဖြစ်ပါတယ်” ဟု ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးဝန်းကျင်တိုးတက်ကောင်းမွန်စေရန်အတွက် လုပ်ငန်း နယ်ပယ်ငါးရပ်တွင် သိသာသည့်တိုးတက်မှု များ ဖော်ဆောင်နိုင်ခဲ့သည်ကို ဖော်ပြထား ကြောင်း၊ ထိုလုပ်ငန်းနယ်ပယ် ငါးရပ်တွင် ဆောက်လုပ်ခွင့်ရယူခြင်း၊ စီးပွားရေးလုပ် ငန်းတစ်ခုစတင်ခြင်း၊ ပိုင်ဆိုင်မှုမှတ်ပုံတင် ခြင်း၊ ပဋိညာဉ်အတည်ပြုဆောင်ရွက်ခြင်း၊ အနည်းစုရင်းနှီးမြှုပ်နှံသူများအား အကာ အကွယ်ပေးခြင်းတို့ဖြစ်ကြောင်း သိရသည်။
“ယခုနှစ်အချိန်မမီ၍ နောက်နှစ်တွင် အမှတ်ရမည့်လုပ်ငန်းနယ်ပယ်များလည်း ရှိပါတယ်။ တချို့ ပြုပြင်ပြောင်းလဲထားတဲ့ အချက်များသည် လက်ရှိတွင် အမှတ်အနေဖြင့် ထည့်သွင်း တွက်ချက်ထားခြင်းမရှိသော်လည်း စောင့်ကြည့်နေသည့်အခြေအနေဖြစ် ပါတယ်။ အစိုးရက ပြောင်းလဲမှုများ လုပ်ပေးနေသော်လည်း ပုဂ္ဂလိကကဏ္ဍက ချက်ချင်းမသိသည့်အခါတွင် တုံ့ပြန်ချက်များက မပြောင်းလဲသေးသည့်အတွက် အမှတ်မရနိုင်သေးခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီး Doing Business လုပ်ငန်းစဉ်များ ပိုပြီးလွယ်ကူတိုးတက်အောင် ပူးပေါင်းကြိုးပမ်းကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။
ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် လွယ်ကူမှု ၂၀၂၀ အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ရမှတ်သည် ၄၆ ဒသမ ၈ မှတ်ရရှိခဲ့သည့်အတွက် ယခင် နှစ်ရမှတ် ၄၃ ဒသမ ၅ မှတ်ထက် ပျမ်းမျှရ မှတ်သည် ၃ ဒသမ ၃ မှတ်တိုးတက်ရရှိခဲ့ပြီး နိုင်ငံပေါင်း ၁၉၀ ပါဝင်သည့်အနက် မြန်မာ နိုင်ငံ၏အဆင့်သည် ၁၇၁ မှအဆင့်ခြောက် ဆင့် တိုးတက်လာခြင်းဖြစ်ကြောင်း သိရ သည်။
အညွှန်းကိန်း ၁၀ ခုအနက် ငါးခုက တိုးတက်မှုရှိပြီး နှစ်ခုက ပြောင်းလဲမှုမရှိဘဲ သုံး ခုမှာ အဆင့်ကျဆင်းခဲ့ကြောင်း၊ အကောင်း ဆုံးညွှန်းကိန်းများမှာ ဆောက်လုပ်ခွင့်ရယူ ခြင်း၊ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်းနှင့် ပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်းတို့ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပူးပေါင်းကြိုးပမ်းဆောင်ရွက်မှုများ အတိုင်းအတာတစ်ခုအထိ တိုးတက်မှုရှိလာပြီဟု ပြောကြားလိုကြောင်း၊ ထိုမျှနှင့် ကျေနပ်နေ၍မဖြစ်ဘဲ တစ်နှစ်ထက်တစ်နှစ် အဆင့်တက်လာအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဒုတိယသမ္မတဦးမြင့်ဆွေက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်