
မြန်မာနိုင်ငံတွင် မွေးဖွားမှု မှတ်ပုံတင် မရှိသည့် ကလေးငယ် တစ်သန်းကျော်ရှိနေပြီး အရွယ်မတိုင်မီ ကလေးလုပ်သားအဖြစ် စေခိုင်းခံရခြင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများတွင် တပ်သားအဖြစ် ခေါ်ယူစုဆောင်းခံရခြင်း၊ ကလေးငယ်များအား လူကုန်ကူးခံရခြင်းနှင့် လက်ထပ်ထိမ်းမြားခံရခြင်း စသည့် အန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်ခြေ များနေကြောင်း ယူနီဆက်(ဖ်)မှ သိရသည်။
မြန်မာနိုင်ငံရှိ ကလေးသူငယ် ၁ ဒသမ ၆ သန်း (ကလေး ၁၀ ဦးတွင် သုံးဦး) မှာ မွေးစာရင်း မှတ်ပုံတင်မရှိဘဲ နေထိုင်လျက်ရှိပြီး ယင်းကလေးငယ်များမှာ ရွှေ့ပြောင်းလုပ်သား မိသားစုများမှ ကလေးသူငယ်များနှင့် မိဘနှင့် အတူမနေရသည့် ကလေးသူငယ်များ ဖြစ်ကြောင်း သိရသည်။
ကလေးငယ်များ အနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေး အထောက်အပံ့များကဲ့သို့ အရေးပါသည့် ဝန်ဆောင်မှုများ ရရှိနိုင်ရန် မွေးဖွားမှု မှတ်ပုံတင်ခြင်းကို ပြုလုပ်ရန် လိုအပ်ကြောင်း၊ မွေးစာရင်း မှတ်ပုံတင် ကိုင်ဆောင်ထားခြင်းဖြင့် ကလေးသူငယ် အခွင့်အရေးများတွင် အပါအဝင်ဖြစ်သည့် ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှုများကို ရရှိနိုင်သည့် အခွင့်အလမ်းများကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်းနှင့် ကလေး၏ အသက်အရွယ်ကို အတည်ပြုနိုင်ခြင်းသည် ကလေးငယ်များအား ကလေးလုပ်သားအဖြစ် စေခိုင်းခံရခြင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများတွင် တပ်သားအဖြစ် ခေါ်ယူစုဆောင်းခံရခြင်း၊ ကလေးငယ်များ လူကုန်ကူးခံရခြင်းနှင့် လက်ထပ်ထိမ်းမြားခံရခြင်းတို့မှ ကာကွယ်ပေးနိုင်ရန် အဓိကကျသည့် အချက်တစ်ချက် ဖြစ်ကြောင်းလည်း သိရသည်။
ရန်ကုန်တွင် မွေးဖွားသော ကလေးငယ်တိုင်းနီးပါးသည် မွေးဖွားမှုမှတ်ပုံတင်ရှိကြပြီး ဝေးလံခေါင်ဖျားအရပ်ရှိ ကျေးလက်ဒေသများတွင်မူ မွေးစာရင်းလက်မှတ် မရှိသည်ကို တွေ့ရှိရကြောင်းနှင့် ယူနီဆက်(ဖ်)သည် ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှစ၍ ဥရောပသမဂ္ဂ ရန်ပုံငွေ အထောက်အပံ့ဖြင့် မွေးဖွားမှု မှတ်ပုံတင်ခြင်း စီမံချက်ကို မြန်မာအစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အမျိုးသားအဆင့် မွေးဖွားမှု မှတ်ပုံတင်ခြင်းကို ယူနီဆက်(ဖ်)၏ နည်းပညာပံ့ပိုးမှုနှင့်အတူ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အသစ်ပြင်ဆင် ရေးဆွဲထားသည့် ကလေးသူငယ်ဥပဒေတွင် ကလေးသူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အချက်အလက်များကို ထည့်သွင်းရေးဆွဲထားကြောင်း၊ ၁၉၉၃ ခုနှစ်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က စတင်ပြဋ္ဌာန်းခဲ့သည့် ကလေးသူငယ်ဥပဒေကို လက်ရှိတွင် ပြင်ဆင်ဖြည့်စွက် ရေးဆွဲလျက် ရှိကြောင်းနှင့် အဆိုပါ ဥပဒေတွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗန်းရှင်းပါ ကလေးသူငယ်၏ အခွင့်အရေးများကို အကောင်အထည် ဖော်ဆောင်ရွက်ရန်၊ ကလေးသူငယ်၏ အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ရန်၊ ကလေးသူငယ်များသည် ယင်းတို့၏ အခွင့်အရေးများကို ဥပဒေနှင့်အညီ အပြည့်အဝ ခံစားနိုင်ရေးအတွက် ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံတော်၏ ဓနအင်အားအပေါ် မူတည်၍ ကလေးသူငယ်များအတွက် အကောင်းဆုံး အကျိုးစီးပွားကို ဆောင်ရွက်ပေးရန်၊ ကာကွယ်စောင့်ရှောက်မှု လိုအပ်သော ကလေးသူငယ်များကို နိုင်ငံတော်၊ စေတနာ့ဝန်ထမ်းပုဂ္ဂိုလ် သို့မဟုတ် အစိုးရမဟုတ်သော အဖွဲ့အစည်းက ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်၊ ကလေးသူငယ်မှုခင်းကို သီးခြားစစ်ဆေး စီရင်၍ ပြစ်မှုကျူးလွန်သော ကလေးသူငယ်၏ အကျင့်စာရိတ္တ ပြုပြင်ရေးကို ဦးတည်ဆောင်ရွက်ရန်ဟူ၍ ဥပဒေပါ ရည်ရွယ်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်