
ကိုရီးယားသမ္မတနိုင်ငံသို့ တရားဝင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ကြသော အလုပ်သမားများ ပေးသွင်းခဲ့သည့် ကြိုတင်အာမခံကြေးငွေများအား ပြန်လည်ထုတ်ယူရန် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနက အသိပေး ကြေညာထားကြောင်း သိရသည်။
၂၀၀၂-၂၀၀၃ ဘဏ္ဍာရေးနှစ်၊ ၂၀၀၃ -၂၀၀၄ ဘဏ္ဍာရေးနှစ်နှင့် ၂၀၀၄-၂၀၀၅ ဘဏ္ဍာရေးနှစ်များအတွင်း ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ခဲ့ကြသည့် မြန်မာအလုပ်သမားများသည် ကိုရီးယားသမ္မတနိုင်ငံသို့ မထွက်ခွာမီ ကြိုတင်အာမခံကြေးငွေများ ပေးသွင်းခဲ့ကြရသည်။
ကိုရီးယားသမ္မတနိုင်ငံ၌ တရားဝင်နေထိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါ မိမိတို့ ပေးသွင်းခဲ့သည့် ကြိုတင် အာမခံကြေးငွေများကို ပြန်လည်ထုတ်ယူ ကြရမည်ဖြစ်သည်။ သို့ရာတွင် ကြိုတင်အာမခံကြေးများကို အချို့အလုပ်သမားများက ပြန်လည်၍ လာရောက် ထုတ်ယူခြင်း မရှိကြောင်း အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနက အသိပေး ကြေညာထားသည်။
သို့ဖြစ်ပါ၍ ကြိုတင်အာမခံကြေး ထုတ်ယူရန် ကျန်ရှိသူများသည် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနက သတ်မှတ်ထားသော အထောက်အထားများဖြင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၁ ရက်အတွင်း အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီ အမှတ် (၈/၁) နဂါးရုံဘုရားလမ်း (၅) ရပ်ကွက် မရမ်းကုန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီးသို့ ကိုယ်တိုင်လာရောက် လျှောက်ထားထုတ်ယူကြရန် အသိပေး ကြေညာထားသည်။
ကြိုတင်အာမခံကြေး ထုတ်ယူရန်အတွက် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနက သတ်မှတ်ထားသော အထောက်အထားများ မှာ ထုတ်ယူခွင့်တင်ပြစာ၊ ဘဏ်ငွေသွင်းချလန် (မူရင်း)+မိတ္တူ တစ်စောင်၊ မှတ်ပုံတင်မူရင်း+ မိတ္တူ တစ်စောင်၊ နိုင်ငံကူးလက်မှတ် (မူရင်း)+ မိတ္တူတစ်စောင်၊ ကိုရီးယားသမ္မတနိုင်ငံတွင် နေထိုင်စဉ် ကာလအတွက် ၁၀ ရာခိုင်နှုန်း ဝင်ငွေခွန် ပေးဆောင်ခဲ့သူများ၏ အခွန်သုံးနှစ်ဆောင်ခဲ့သော ပြေစာ (မူရင်း)+ မိတ္တူတစ်စုံ၊ သန်းခေါင်စာရင်း (မူရင်း)+ မိတ္တူ တစ်စောင်တို့ဖြစ်သည်။
အဆိုပါ ကြိုတင်အာမခံကြေးကို သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်း မရှိပါက နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေအဖြစ် သတ်မှတ်ပေးသွင်း သွားမည်ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနက အသိပေး ကြေညာထားကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ခုနစ်လအတွင်း ပြည်ပနိုင်ငံများဖြစ်သော မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ထိုင်း၊ ဂျပန်၊ ယူအေအီး၊ ဂျော်ဒန်၊ ကာတာ၊ မကာအို စသည့်နိုင်ငံများသို့ မြန်မာလုပ်သားများ တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်းရှိ အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများတွင် လူဦးရေ သုံးသိန်းခွဲကျော်အား အလုပ်အကိုင် ရှာဖွေပေးနိုင်ခဲ့ကြောင်း အလုပ်သမား ဝန်ကြီးဌာနက စုံစမ်းသိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်