
မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်၌ ငှက်ဖျားရောဂါ ဖြစ်ပွားသေဆုံးမှုမှာ ၂၀၁၂ ခုနှစ်က ထက် ၈၅ မှ ၉၅ ရာခိုင်နှုန်းအထိ လျော့နည်းကျဆင်းခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး စီမံချက်ဆိုင်ရာ သီးခြားဆန်းစစ် လေ့လာမှုမှတ်တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးစီမံချက်ဆိုင်ရာ သီးခြားဆန်းစစ် လေ့လာမှု စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်၌ ငှက်ဖျားရောဂါ ဖြစ်ပွားမှုမှာ ၂၀၁၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၈၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ငှက်ဖျားရောဂါကြောင့် သေဆုံးမှုမှာလည်း ၉၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သော်လည်း ငှက်ဖျားရောဂါ အမြစ်ပြတ်ကင်းစင် ပပျောက်ရေး ရည်မှန်းချက်များ ပြည့်မီစေရန်အတွက် လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အမျိုးသားအဆင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးမဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၀) ကို ချမှတ်ပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ငှက်ဖျားရောဂါ ကင်းစင်ပပျောက်ရေး မဟာဗျူဟာ စီမံကိန်း (၂၀၂၁-၂၀၂၅) ကိုလည်း ရေးဆွဲချမှတ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၂၀၁၈ ခုနှစ်အတွင်း တစ်နိုင်ငံလုံးတွင် ငှက်ဖျားကြောင့် သေဆုံးသူ ၁၄ ဦးရှိခဲ့ကြောင်း သိရသည်။
“ငှက်ဖျားရောဂါ ဖြစ်ပွားမှုက ၂၀၁၆ ခုနှစ်မှာ ၁ ဒသမ ၁ သိန်းရှိရာကနေ ၂၀၁၈ ခုနှစ်မှာ ၆၈၀၀၀ ပဲရှိတော့တယ်။ ပြီးခဲ့တဲ့နှစ် က ငှက်ဖျားကြောင့် သေဆုံးသူက တစ်နိုင်ငံလုံးမှာ ၁၄ ဦးသာရှိခဲ့ပြီး ငှက်ဖျားကင်းစင်ရေး ရည်မှန်းချက်ကို ရရှိအောင်ဆောင်ရွက်နေပါ တယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဆေးယဉ်ပါး ငှက်ဖျားရောဂါနဲ့ ပိုးသတ်ဆေးယဉ်ပါးတဲ့ ငှက်ဖျားခြင်မတွေ့ရှိရသေးပါဘူး။ ဆေးစိမ်ခြင်ထောင်တွေကို ၂၀၁၇ ခုနှစ်က ၄ ဒသမ ၉ သန်း ဖြန့်ဝေခဲ့ပြီး ဒီနှစ်မှာ ခြောက်သန်းလောက် ဖြန့်ဝေမှာဖြစ်ပါတယ်” ဟု ငှက်ဖျားရောဂါ တိုက်ဖျက်ရေး စီမံချက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အရှေ့တောင်အာရှ ဒေသအတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားမှုများသည် ယခုနှစ်များအတွင်း သိသိသာသာ ကျဆင်းလာသော်လည်း ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ်အဖြစ် ဆက်လက် ရပ်တည်နေဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားသူ ၈၅၀၁၉ ဦးရှိခဲ့ပြီး ရောဂါ ကြောင့်သေဆုံးသူ ၃၀ ရှိခဲ့ရာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ဖြစ်ပွားသူ ၃၁၉၆၄ ဦးရှိခဲ့ပြီး ငှက်ဖျားရောဂါတိုက်ဖျက် ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၇၁ ကြိမ်မြောက် ညီလာခံတွင် မဟာမဲခေါင်ဒေသနိုင်ငံများက Ministerial Call for Action to Eliminate Malaria in the Greater Mekong Subregion before 2030 ကို လက်မှတ်ရေးထိုးခဲ့ရာတွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ် ရေးထိုးခဲ့ပြီး ၂၀၃၀ ခုနှစ်တွင် အာရှ-ပစိဖိတ်ဒေသ နိုင်ငံများတွင် ငှက်ဖျားရောဂါ ကင်းဝေးရေး ရည်မှန်းချက် ပြည့်မီရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အမျိုးသားအဆင့် ငှက်ဖျားရောဂါ ကင်းဝေးရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ပြီး ငှက်ဖျားရောဂါ ကင်းဝေးစေရေး နည်းလမ်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်အတွက် အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၁၆-၂၀၂၀) ကို ရေးဆွဲဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် လူဦးရေ ၁၀၀၀ လျှင် နှစ်ဦးနှုန်း ငှက်ဖျားရောဂါ ဖြစ်ပွားမှုရှိနေပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပွားနှုန်း၏ ၈၅ ရာခိုင်နှုန်း၊ သေဆုံးမှုနှုန်း၏ ၉၅ ရာခိုင် နှုန်းအထိ လျှော့ချနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ ငှက်ဖျားရောဂါ ဖြစ်ပွားနှုန်းမှာ ၂၀၁၂ ခုနှစ်ဖြစ်နှုန်း၏ ၈၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပြီး ယခင်က မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါ ဖြစ်ပွားသူ ခြောက်သိန်းခန့်ရှိကြောင်းနှင့် ၂၀၁၆ ခုနှစ် စာရင်းများအရ ငှက်ဖျားရောဂါ ဖြစ်ပွားနှုန်း လျော့ကျလာပြီး လက်ရှိ လူဦးရေ ၁၀၀၀ လျှင် နှစ်ဦးနှုန်းဖြစ်ပွားလျက်ရှိရာ သေဆုံးနှုန်းမှာ လူဦးရေ တစ်သိန်းလျှင် ၀ ဒသမ ၀၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၀၀ ကျော်ကို ငှက်ဖျားရောဂါ ကူးစက်မှုရှိနိုင်သော နေရာများအဖြစ် သတ်မှတ်ထားကြောင်း အာရှ-ပစိဖိတ် ငှက်ဖျားရောဂါ ကင်းစင်ပပျောက်ရေး ကွန်ရက်က ပြုလုပ်သော ငှက်ဖျားရောဂါ ရက်သတ္တပတ် လှုပ်ရှားမှု အစည်းအဝေးမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်