Top News

လျှပ်စစ်ဓာတ်အား ၁၃၉၀ မဂ္ဂါဝပ်ထိ ထုတ်လုပ်နိုင်သော မီးလင်းဂျိုင် LNG စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများအား နိုင်ငံတော်မှ ဝယ်ယူရေးအတွက် စာချုပ်ချုပ်ဆိုမှုများကို ယခုနှစ်မကုန်မီ ပြုလုပ်နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရ
24htopnews | January 4, 2025 1:12 AM CST

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရွှေသောင်ယံမြို့ မီးလင်းဂျိုင်ဒေသတွင် တည် ဆောက်နေသည့် လျှပ်စစ်ဓာတ်အား ၁၃၉၀ မဂ္ဂါဝပ်ထိ ထုတ်လုပ်နိုင်သော မီးလင်းဂျိုင် LNG သဘာဝဓာတ်ငွေ့ရည်နှင့်  စွန့်ပစ်အပူ သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံမှ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဝယ်ယူရေး အတွက် သဘောတူညီစာချုပ်ကို ၂၀၁၉ ခုနှစ် မကုန်မီ ပြုလုပ်နိုင်မည်ဟု မျှော်မှန်းထားပြီး ၂၀၂၂ ခုနှစ်တွင် ကနဦးဓာတ်အား ထုတ်လွှတ်မှုအဖြစ် ဧရာဝတီတိုင်း ဒေသကြီးအတွင်း မဂ္ဂါဝပ် ၅၀၀ ခန့် ထုတ်လွှတ်ပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည့် အဆိုပါ စီမံကိန်းကို တရုတ်အစိုးရပိုင် China Huadian Corporation မှ Zhefu Holding Group နှင့် မြန်မာနိုင်ငံသားပိုင် Supreme Trading Company Limited တို့ ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်ပြီး ဒေါ်လာ ၂ ဒသမ ၅၀၇ ဘီလျံခန့် ရင်းနှီးမြှုပ်နှံမည့် စီမံကိန်း တစ်ခုဖြစ်ကြောင်း၊ စီမံကိန်း အဆိုပြုလွှာအရ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားခ စျေးနှုန်းနည်းတူ နိုင်ငံတော်သို့ ရောင်းချသွားမည်ဖြစ်ကြောင်း၊ စီမံကိန်းဆောင်ရွက်မည့် မြေဧရိယာ ၈၁၈ ဒသမ ၅၅ ဧကအား မူလပိုင်ရှင် ဒေသခံများထံမှ ညှိနှိုင်းဝယ်ယူပြီးဖြစ်ကာ ပထမအဆင့် မြေယာလျော်ကြေးများ ပေးချေပြီးဖြစ်ကြောင်း၊ စီမံကိန်းလျာထားမှုအရ ၂၀၁၉ ခုနှစ်မကုန်မီ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် လျှပ်စစ်ဓာတ်အား ဝယ်ယူရေး သဘောတူညီချက် စာချုပ်ကို ချုပ်ဆိုနိုင်မည်ဖြစ်ပြီး စာချုပ်ချုပ်ဆိုပြီးပါက နှစ်နှစ်အတွင်း ပထမအဆင့်အနေဖြင့် မဂ္ဂါဝပ် ၅၀၀ ကို စတင်ထုတ်လွှတ်ကာ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးကိုပါ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“လျှပ်စစ်ဓာတ်အား ဝယ်ယူရေးနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ပြင်ဆင်မှုတွေ အားလုံးကို ပြီးခဲ့တဲ့ တစ်နှစ်ကျော် ကာလအတွင်းမှာ အသေးစိတ် အစစအရာရာ ဆောင်ရွက်ခဲ့တယ်။ ဖြစ်နိုင်ခြေ စူးစမ်းလေ့လာမှု အစီရင်ခံစာတွေ နောက်ပတ်ဝန်းကျင် ထိခိုက်မှုပေါ့နော်။ ပတ်ဝန်းကျင်ထိခိုက်နိုင်မှုကို ဆန်းစစ်မှု အစီရင်ခံစာတွေကို ကျွန်တော်တို့ဘက်က ပြင်ဆင်ခဲ့ တယ်။ နောက်ရေပြင်မြေပြင် တိုင်းတာရေးတွေ လမ်းကြောင်းတွေ သီးနှံလျော်ကြေးနဲ့ မြေယာလျော်ကြေး တွက်ချက်မှုတွေ ပြည်ထောင်စုအစိုးရအဖွဲ့ ခွင့်ပြုချက်ရယူမှုတွေ ဒီလုပ်ထုံးလုပ်နည်းတွေကို အဆင့်ဆင့် ဆောင်ရွက်ခဲ့ပါတယ်။ လျှပ်စစ်ဓာတ်အား ဝယ်ယူရေး စာချုပ်ကိုလည်း ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနဲ့ အစည်းအဝေး အကြိမ်များစွာ ပြုလုပ်ပြီးတော့ အဆင့်ဆင့် ဆောင်ရွက်ခဲ့ရာမှာ အခုအခါမှာ နောက်ဆုံးဆွေးနွေး ညှိနှိုင်းနေတဲ့ အဆင့်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ကျွန်တော်တို့ မျှော်မှန်းချက် အနေနဲ့ကတော့ ဒါကတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ တွန်းအားပေးပြီးတော့ ဆောင်ရွက်မှု ၀ိုင်းဝန်းပြီးတော့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မယ်ဆိုရင် ဒီ ၂၀၁၉ ခုနှစ်မကုန်ခင် ဒီဇင်ဘာလ မကုန်ခင်မှာ လျှပ်စစ်ဓာတ်အား ဝယ်ယူရေး စာချုပ်ကို ချုပ်ဆိုနိုင်မယ်လို့ ယုံကြည်ပါတယ်။ အဲဒီလိုလည်း ရည်မှန်းချက်ထားပြီးဆောင်ရွက် နေပါတယ်။ မြေပြင်ပေါ်မှာ ဘောင်တွေသတ်မှတ် တိုင်းတာတို့ စီမံကိန်းရဲ့ ရုံးခန်းအဆောက်အအုံ တည်ဆောက်တာတို့ နောက်စီမံကိန်း ဧရိယာထဲမှာ မြေသားဆန်းစစ်ခြင်းဆောင် ရွက်တာတို့ နောက်တစ်ခါ စီမံကိန်းကိုသွားမယ့် လမ်းအူချောင်းရှာဖွေတာတို့ ဒီလိုမျိုးအင်ဂျင် နီယာလုပ်ငန်းတွေ စတင်ပြီးတော့ ဆောင် ရွက်နေပြီဖြစ်ပါတယ်။ တကယ့်အကြီးစားစက် ပစ္စည်းတွေ ဝယ်ယူတပ်ဆင်တာကတော့ လျှပ်စစ်ဓာတ်အား ဝယ်ယူရေးစာချုပ် ချုပ်ဆိုပြီးတဲ့ အခါမှာ တစ်ပြိုင်တည်းစပြီးဆောင်ရွက်သွား မှာဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အား ကိုတော့ ကျွန်တော်တို့ ကနဦးအဆင့်မှာ စတင်ပြီး လျှပ် စစ်ဓာတ်အား ဝယ်ယူရေးစာချုပ်ဟာဒီနှစ် ကုန်မှာ ချုပ်ဆိုနိုင်မယ်ဆိုရင် ၂၀၂၀ ပြည့်နှစ် အတွင်းမှာ တည်ဆောက်ရေးလုပ်ငန်းအရှိန် အဟုန်နဲ့ စတင်နိုင်မှာ ဖြစ်ပါတယ်။ နောက် ဒီစီမံကိန်းကနေ ပထမအဆင့်အနေနဲ့ လျှပ် စစ် ဓာတ်အားကို ၂၀၂၂  နှစ်ကုန်မတိုင်ခင်မှာ ဓာတ်အား ထုတ်လွှတ်နိုင်မယ်ပေါ့” ဟု Supreme Trading Company Limited မှ ဒုတိယ အမှုဆောင် အရာရှိချုပ် ဦးထူးထူးအောင်က ပြောကြားသည်။

စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြေဧရိယာရှိ မူလပိုင်ရှင် ဒေသခံများအတွက် မြေယာလျော်ကြေးများ ပေးချေရာတွင် ကမ်းခြေအပိုင်းနှင့် အုန်းခင်းများတွင် တစ်ဧကလျှင် ကျပ်သိန်း ၅၀၀၊ လယ်ယာမြေများအား တစ်ဧကလျှင် ကျပ်သိန်း ၄၀၊ တောင်ပေါ်ဒေသအား တစ်ဧကလျှင် ကျပ်သိန်း ၃၀  နှုန်းဖြင့် ပေးလျော်ခဲ့ပြီး လျော်ကြေးငွေများအနက် ၁၀ ရာခိုင်နှုန်းကိုသာ ဒေသခံများ လက်ခံရရှိပြီး ကျန်ရှိသည့် ရာခိုင်နှုန်း ၉၀ ကိုမူ နိုင်ငံတော်နှင့် လျှပ်စစ်ဓာတ်အား ဝယ်ယူရေးစာချုပ် ချုပ်ဆိုပြီးမှသာ ဆက်လက်ပေးချေ သွားမည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK