
တစ်ကမ္ဘာလုံးတွင် မျိုးစိတ်အသစ်ဖြစ်သည့် ယောက်သွားမျိုးစိတ်သစ် ရှစ်မျိုး မြန်မာနိုင်ငံမြစ်ကြီးများ၌ တွေ့ရကြောင်း သိရသည်။
ထိုယောက်သွားမျိုးစိတ်သစ် ရှစ်မျိုးသည် ကမ္ဘာပေါ်တွင် မှတ်တမ်းမတင်ရသေးသည့် မျိုးစိတ်သစ်ဖြစ်ပြီး မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် အခြားနိုင်ငံမှ သိပ္ပံပညာရှင်များနှင့် ပူးပေါင်းပြီး မြစ်ကြီးများတွင် သုတေသန ပြုလုပ်ခဲ့ရာ ဧရာဝတီမြစ်၊ စစ်တောင်းမြစ်၊ ဟောင်သရောမြစ်နှင့် ထားဝယ်မြစ်တို့တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း Fauna & Flora International Myanmar Programme (FFI) မှ ရေချိုနှင့်ရေငန် ထိန်းသိမ်းရေး အစီအစဉ် မန်နေဂျာ ဦးဇော်လွန်း၏ ပြောကြားချက်အရ သိရသည်။
“တစ်ကမ္ဘာလုံးမှာ မျိုးစိတ်အသစ် Species for The Science လို့ခေါ်တယ်။ သိပ္ပံမှာ အသစ်တွေ့တဲ့မျိုးတွေပေါ့။ အကောင်တွေကိုကြည့်ပြီး ဆရာတို့က DNA နဲ့ သေချာဆန်းစစ်ရတယ်။ အဲဒီမှာ ရှစ်မျိုးတွေ့တယ်။ မျိုးစိတ် လေးမျိုးမှာ ထပ်ဆင့် Subspecies တွေက လေးမျိုး စုစုပေါင်း ရှစ်မျိုးတွေ့တာပေါ့။ ကျွန်တော်တို့ FFI အဖွဲ့ရယ် Russian Scientists၊ နောက် American Scientists တွေပါတယ်။ နောက် Portuguese တွေပါတယ်။ Thai တွေပါတယ်။ စုပေါင်းပြီးတော့ ၂၀၁၃ ခုနှစ်က စပြီးတော့ မြန်မာပြည်မှာရှိတဲ့ မြစ်တွေမှာ ငါးလုပ်ငန်း ဦးစီးဌာနရဲ့ ခွင့်ပြုမိန့်နဲ့ ငါးလုပ်ငန်း ဦးစီးဌာနက ဝန်ထမ်းလည်းပါတာပေါ့။ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နောက် စစ်တောင်းမြစ်၊ သံလွင်မြစ်ဒါတွေပါ။ ကျွန်တော်တို့ လေ့လာတယ်။ နောက် ကရင်ပြည်နယ်လည်းပါတယ်။ တနင်္သာရီမြစ်လည်းပါတယ်။ အဲဒီနေရာတွေမှာ လေ့လာတဲ့အခါမှာ တွေ့တာပေါ့နော်။ တွေ့တာက ဧရာဝတီ၊ စစ်တောင်း၊ ဟောင်သရော၊ ထားဝယ် မြစ်တွေမှာ တွေ့တာ။ ကျွန်တော်တို့ လေ့လာတာက အများကြီး လေ့လာတာပေါ့နော်။ တွေ့တာက အဲဒီမြစ်လေးခုမှာ တွေ့တာပေါ့” ဟု ဦးဇော်လွန်းက ပြောကြားသည်။
ယောက်သွားသည် ရေ၏အရည်အသွေးနှင့် ကျန်းမာရေးကို ညွှန်ပြသော အကောင်များဖြစ်ပြီး ရေသန့်ရှင်းစေရန် ပြုလုပ်ပေးကြကြောင်း သိရသည်။
“ယောက်သွားဆိုတာက Water Indicator လို့ ပြောရတာပေါ့နော် အဓိကပဲ။ ဒီကောင်တွေက အဲဒီတစ်နေရာမှာ ရွေ့လျားတာ မဟုတ်ဘူး။ နေတဲ့အခါကျတော့ ဒီကောင်တွေ မရှိတော့ဘူးဆိုရင် အဲဒီနေရာမှာ ရေ quality မကောင်းဘူးလို့ ယေဘုယျ ပြောလို့ရတယ်။ အဲဒီတစ်ချက်ပေါ့။ နောက်တစ်ခုက ဒီကောင်တွေ ရှိခြင်းအားဖြင့် ရေတွေကို ပိုပြီးတော့ သန့်ရှင်းစေတယ်။ ယောက်သွားတွေက ရေချိုပဲဖြစ်ဖြစ်၊ ရေငန်ပဲဖြစ်ဖြစ် ယောက်သွားရဲ့ သဘာဝက ရေကို ဒီကောင်တွေက အနည်တွေ စစ်ပစ်တာပေါ့။ အဲဒါရှိတယ်။ အဲဒါကြောင့် အဲဒီနေရာမှာ ယောက်သွားတွေ ပေါပေါများတွေ့ရင် ရေရဲ့ကွာလတီ၊ Water Health ရေရဲ့ကျန်းမာရေးဟာ ကောင်းတယ်လို့ ပြောလို့ရတယ်” ဟု ဦးဇော်လွန်းက ပြောကြားသည်။
ယခုတွေ့ရှိထားသော ယောက်သွားမျိုးစိတ်သစ် ရှစ်မျိုးကို အကောင်ရေအားဖြင့် ပေါပေါများများ တွေ့ရှိထားပြီး မြန်မာနိုင်ငံရှိ မြစ်ကြီးများတွင် ယောက်သွားနှင့် အခြားရေသတ္တဝါ မျိုးစိတ်သစ်များ ဆက်လက် သုတေသန ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်