Top News

ရန်ကုန်တက္ကသိုလ်အတွင်း သစ်ပင်များ လုံးဝထပ်မခုတ်ရန်နှင့်အပေါ်ယံရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုကို ဦးစားမပေးရန် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဦးဆောင်၍ ဆန္ဒဖော်ထုတ်
24htopnews | January 4, 2025 1:12 AM CST

ရန်ကုန်တက္ကသိုလ်အတွင်း သစ်ပင်များ လုံးဝထပ်မခုတ်ရန်နှင့်အပေါ်ယံရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုကို ဦးစားမပေးရန် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဦးဆောင်၍ နိုဝင်ဘာ၂ရက် မွန်းလွဲပိုင်က ဆန္ဒဖော်ထုတ်ခဲ့သည်။

ဆန္ဒဖော်ထုတ်မှုကို ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင် ခမ်းမရှေ့မှစတင်ကာ ရန်ကုန်တက္ကသို်လ်အတွင်း စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ပြီး "လုံခြုံမှုမပေးနိုင်ဘဲ ပတ်လမ်းမဖောက်ပါနဲ့၊ဒီပြဿနာကို ဘယ်သူတာဝန်ခံမှာလဲ၊သစ်ပင်များသည် အစိုးရပိုင်မဟုတ်၊အပေါ်ယံရုပ်ဝတ္တုပြောင်းလဲမှုအလိုမရှိ၊Fight for our campus၊တက္ကသိုလ်နေပူမှာ စိုးတယ်၊ကျောင်းသားထုဆန္ဒမပါဝင်သော လုပ်ငန်းများ ချက်ချင်းရပ်"စသည့် ဗီနိုင်းများ ကိုင်ဆောင်ကာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့သည်။

 



 

 


READ NEXT
Cancel OK