
ရှမ်းပြည်နယ်(မြောက်ပိုင်း) မန္တလေး - လားရှိုး ပြည်ထောင်စုကားလမ်းမကြီးပေါ် ကျောက်မဲမြို့နှင့် သီပေါမြို့ကြား ချောင်းချောက်ကျေးရွာ အနီးတွင် နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီ ၁၅မိနစ်အချိန်ခန့်က နွားများတင်ဆောင်ကာ လားရှိုး၊ မူဆယ်ဘက်သို့ ဦးတည်မောင်းနှင်လာသည့် ယာဉ်အား သေနတ်သမားများက လာရောက်ပစ်ခတ်မှုကြောင့် ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့ကြောင်း သိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် နွားများတင်ဆောင်လာသော ယာဉ်သည် လမ်းယာဘက်ဘေးသို့ ထိုးကျကာ လမ်းဘေးရှိ သစ်ပင်အား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ယာဉ်ပေါ်ပါသူ လေးဦးအနက် ယာဉ်မောင်းဖြစ်သူ သေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယာဉ်ပေါ်တွင် ပါရှိသည့် နွားကောင်ရေ ၂၀ အနက် ၅ ကောင်သေဆုံးခဲ့ပြီး တစ်ကောင်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“ဖြစ်တာကတော့ ဒီအနီးအနားကလူတွေ သိပ်မသိလိုက်ဘူးဗျ။ သေနတ်သံတွေတော့ ကြားတယ်။ ဘယ်သူမှလည်း ထွက်မကြည့်ရဲဘူးလေ။ ယာဉ်မောင်းကတော့ သေသွားတယ်။ ကားပေါ်မှာတော့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နဲ့ နောက်ကလိုက်လာတဲ့ နွားထိန်းနှစ်ဦး စုစုပေါင်း လေးဦးပါတယ်လို့ သိရတယ်။ ယာဉ်မောင်းကတော့ သေတယ်။ နှစ်ယောက်ကတော့ ဒဏ်ရာရတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို ကျောက်မဲဆေးရုံကို လူမှုကူညီရေးအဖွဲ့ ယာဉ်တွေနဲ့ ခေါ်သွားပါတယ်” ဟု ပစ်ခတ်မှု ဖြစ်ပွားသည့် နေရာအနီးရှိ ဒေသခံတစ်ဦးက ပြောကြားသည်။
“ကားက လမ်းဘေးထိုးကျပြီး သစ်ပင်ဝင်တိုက်ထားတာ ဆိုတော့ အရှိန်လွန်ပြီး တိုက်ထားတယ်ထင်တယ်။ သွားကြည့်မှ သေနတ်နဲ့ ပစ်ခံရလို့ တစ်ဦးသေသွားတယ်လို့ သိရတယ်။ တင်လာတဲ့ နွားတွေလည်း သေနတ်မှန်ပြီး သေတယ်လို့ သိရတယ်။ ကျန်တဲ့နွားတွေကိုတော့ တခြားနေရာ ရွေ့ပြောင်းနေတာ တွေ့ရတယ်။ ကားရှေ့မှန်တွေလည်း သေနတ်မှန်ထားတာ တွေ့ရတယ်” ဟု ခရီးသွားတစ်ဦးက ပြောကြားသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) မန္တလေး - လားရှိုး ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် ယခင်က နွားကားများ မကြာခဏ ပစ်ခတ်ခံရမှုများ ဖြစ်ပွားခဲ့သော်လည်း သြဂုတ်လတွင် ဖြစ်ပွားခဲ့သည့် ဂုတ်တွင်းပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားမှု နောက်ပိုင်း နွားကားများ ပစ်ခတ်ခံရမှု မရှိခဲ့ကြောင်း သိရသည်။
နွားကားများ ပစ်ခတ်ခံရမှုမှာ ဂုတ်တွင်းပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားမှု မတိုင်မီ ရက်ပိုင်းအလိုတွင် နွားကားများ နှစ်ရက်ဆက်တိုက် ပစ်ခတ်ခံခဲ့ရပြီးနောက်ပိုင်း ယခုဖြစ်စဉ်မှာ နွားကားပစ်ခတ်ခံရမှု ပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်