
မြန်မာနိုင်ငံသည် နယ်ပယ်ငါးခု၌ တိုးတက်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်ခဲ့သဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရလွယ်ကူမှု အခြေအနေ ၂၀၂၀ တွင် အောက်ဆုံးအဆင့်၂၀ မှ လွတ်မြောက်ခဲ့သော်လည်း ရမှတ်တိုးတက်စေရန် ဆောင်ရွက်ရမည့် နယ်ပယ်များစွာ ကျန်ရှိနေသေးကြောင်း နိုဝင်ဘာ ၁ ရက် က ရန်ကုန်မြို့ရှိ Sule Shangrila Hotel ၌ ပြုလုပ်သည့် “Doing Business 2020 and way Forward ” အခမ်းအနားမှ သိရသည်။
မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်းတစ်ခုစတင်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် ၊ ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်း၊ အနည်းစု ရင်းနှီးမြှုပ်နှံသူများကို ကာကွယ်ပေးခြင်း၊ ပဋိညာဉ်အတည်ပြုဆောင်ရွက်ခြင်း စသည့် နယ်ပယ် ငါးခုတွင် ထင်ရှားသောတိုးတက်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်းတွင် ကုမ္ပဏီမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို တစ်နိုင်ငံလုံးအတိုင်းအတာ အွန်လိုင်းစနစ် အသုံးပြုခြင်းအားဖြင့် လုပ်ငန်းစဉ်များကို ပေါင်းစည်း ဆောင်ရွက်စေနိုင်ခြင်းနှင့် လူ ပုဂ္ဂိုလ်ချင်း ထိတွေ့ဆောင်ရွက်မှုနည်းပါးစေခဲ့သည်။
ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် တွင် ရန်ကုန်မြို့၌ ဆောက်လုပ်ရေးလုပ်ငန်း အရည်အသွေး ထိန်းချုပ်မှုဆိုင်ရာများနှင့် ပတ်သက်ပြီး ဗိသုကာများနှင့် အင်ဂျင်နီယာများ၏ အရည်အသွေးသတ်မှတ်ချက်များကို တင်းကျပ်စွာသတ်မှတ်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်အတွက် လိုအပ်ချက်များကို အွန်လိုင်းမှ ကြည့်ရှုနိုင်ခြင်း၊ ရေ နှင့် အညစ်အကြေး စွန့်ပစ်ခြင်းဆိုင်ရာ အခြေခံအဆောက်အအုံများ တိုးတက်ကောင်းမွန်ရန် ဆောင်ရွက်ခဲ့ခြင်း၊ ဆောက်လုပ်ရေး ပါမစ်အတွက် လုပ်ငန်းစဉ်များ ပိုမိုစွမ်းဆောင်ရည်ကောင်းမွန်စေရန် ဝန် ဆောင်မှုဆိုင်ရာ အရည်အသွေးစံနှုန်းများ မြှင့်တင်ခြင်း စသည့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်းတွင် ပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ စာချုပ်စာတမ်း မှတ်ပုံတင်ခြင်း၊ ပိုင်ဆိုင်မှုအမည်လွှဲပြောင်းသည့် လုပ်ငန်းစဉ်တွင် သက်ဆိုင်ရာဌာနသို့ ပေးသွင်းရန် ငွေကြေးပမာဏကို အများသိ စေရန် ထုတ်ပြန်ခြင်းအားဖြင့် မြေယာ စီမံခန့်ခွဲခြင်းစနစ်၏ အရည်အသွေးကို ကောင်းမွန်လာစေခြင်း၊ တရားဝင်ဆောင်ရွက်ရန် စံသတ်မှတ်ထားသည့် ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပိုင်ဆိုင်မှု အမည်လွှဲပြောင်း ခြင်းဆိုင်ရာစာရင်းဇယားများ (ပြီးခဲ့သော နှစ်၏စာရင်း) ကိုလည်း အများသိစေရန် ထုတ်ပြန်ထားခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ခဲ့သည်။
အနည်းစုရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးခြင်းတွင်ကုမ္ပဏီဥပဒေအသစ်ကို ထုတ်ပြန်ခြင်းအားဖြင့် အနည်းစုရင်းနှီး မြှုပ်နှံသူများကို ကာကွယ်ပေးရန် လိုအပ်သော ပြဋ္ဌာန်းချက်များဖြစ်သော ဆက်နွှယ်သည့် ပုဂ္ဂိုလ်အဖွဲ့အစည်းများနှင့် အရောင်းအဝယ်ပြုလုပ်ခြင်းကို ထုတ်ဖော်ကြေညာရန် လိုအပ်ခြင်း၊ ဒါရိုက်တာများ၏ တာဝန်ဝတ္တ ရားများကို တိုးမြှင့်ခြင်းနှင့် ကော်ပိုရိတ် ပွင့်လင်းမြင်သာမှု) တိုးမြှင့်ရန် လိုအပ်ခြင်း စသည်တို့ကို ပြဋ္ဌာန်းနိုင်ခဲ့သည်။
ပဋိညာဉ် အတည်ပြုဆောင်ရွက်ခြင်း တွင် ပြည်ထောာင်စုတရားလွှတ်တော်ချုပ်ကတရားရုံးများ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် နှစ်ပတ်လည်အစီရင်ခံစာ များကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အထက်ပါ နယ်ပယ် ငါးခု၌ ထင်ရှားသော တိုးတက်မှုများလုပ်နိုင်ခဲ့သဖြင့် စီးပွား ရေးလုပ်ငန်းများ လုပ်ကိုင်ရလွယ်ကူမှုအခြေအနေ ၂၀၂၀ တွင် အောက်ဆုံးအဆင့် ၂၀ မှ လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ ထင်ရှားသည့် တိုးတက်ပြောင်းလဲမှုများရှိသော်လည်း မြန်မာနိုင်ငံသည် ပြု ပြင် ပြောင်းလဲမှုများ ဆက်လက်ဆောင်ရွက် ရန် များစွာကျန်ရှိနေသေးကြောင်း ဖော်ပြထားသည်။
၂၀၂၀ စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု အညွှန်းကိန်းတွင် မြန်မာနိုင်ငံ၏ Trading Across Borders Ranking (ပြည်ပကုန်သွယ်မှုဆောင်ရွက်ခြင်းကဏ္ဍ)သည် ယခင် နှစ်အတိုင်း သတ်မှတ်အောင်မှတ်အောက်၌သာ ဆက်လက်ရပ်တည်နေသောကြောင့် လာမည့် ၂၀၂၁ ခုနှစ်တွင် ရမှတ်တိုးတက်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အောက်တိုဘာ ၂၆ ရက်က ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် Trading Across Borders Ranking တိုးတက်ရေး မော်တော်ယာဉ်အပိုပစ္စည်း တင်သွင်းသူများနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးမှ သိရသည်။
၂၀၂၀ ပြည့်နှစ်အတွက် စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု အစီရင်ခံစာသည် စီးပွားရေး လုပ်ငန်းများနှင့် သက်ဆိုင်သော လုပ်ငန်း ဆောင်ရွက်ချက်နယ်ပယ် ၁၀ ခုကို မှတ်တမ်း ပြုခဲ့ရာတွင် နိုင်ငံပေါင်း ၁၉၀ ၏ ၁၂ လတာ ကာလအတွင်း ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကို လေ့လာခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ် မေ ၁ ရက်အထိ ဆောင်ရွက်ချက်များကို တိုင်း တာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်