
ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံများ နှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ကအကြောင်းမဲ့ အတင်း အဓမ္မဖမ်းဆီးခေါ်ဆောင်ပြီးသတ်ဖြတ်မှုများ ပြုလုပ်နေသည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက အောက်တိုဘာ ၃၁ ရက်တွင် သတင်းထုတ်ပြန်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ ဘူးသီးတောင်မြို့နယ်၊ အုတ်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိန်၊ မြောက်ချောင်းကျေးရွာတာဝန်ခံ ဦးမောင်စံထွီးနှင့် မြောက်ချောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ကြီး ဦးဆင်ဟုန်တို့ သုံးဦးသည် အောက်တိုဘာ ၂၉ ရက် နံနက် ၉ နာရီခန့်တွင် မြို့နယ်ကျေးလက်ရုံးသို့ မြစိမ်း ရောင်ကျေးရွာ ဒေသဖွံ့ဖြိုးရေးချေးငွေကိစ္စရပ်များ ဆွေးနွေးရန် သွားရောက်ရာမှ ပြန်လည် ရောက်ရှိလာခြင်းမရှိသဖြင့် ၎င်းတို့ သုံးဦးအား AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်နိုင်ကြောင်း ယူဆ၍ ရွာသားများနှင့် ဆွေမျိုးများက တောင်ဘဇာနယ်မြေရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။
ထို့ပြင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ နယ်၊ သရက်အုပ်ကျေးရွာနေ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သူ ဦးဘိုနီသည် ၎င်း၏နေ အိမ်၌ ဇနီးဖြစ်သူ ဒေါ်လှရွှေသိန်းနှင့်အတူ ရှိနေစဉ် အောက်တိုဘာ ၂၆ ရက် ည ၇ နာရီခွဲ ခန့်၌ အရပ်ဝတ်ဝတ်ဆင်ထားသည့် AA အဖွဲ့ဝင် ငါးဦးက မော်တော်ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ဦးဘိုနီအား ရွာဟောင်း တောကျေးရွာဘက်သို့ အကြောင်းမဲ့ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း တပ် မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ ဦးဘိုနီ သည် ၁၉၉၉ ခုနှစ်တွင် ကျောက်ဖြူမြို့ရှိ နယ် မြေခံတပ်ရင်းမှ တပ်ကြပ်အဆင့်ဖြင့် အငြိမ်းစားယူခဲ့ပြီး သားသမီးလေးဦးနှင့်အတူ ဇနီး ဖြစ်သူ၏နေရပ်ဖြစ်သော သရက်အုပ်ကျေး ရွာသို့ လိုက်ပါနေထိုင်၍ ဆေးကုသသည့် အလုပ်အား လုပ်ကိုင်နေသူဖြစ်ကြောင်း သိရှိရသည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
အလားတူ မင်းပြားမြို့နယ် အိုးပုံတောင် ကျေးရွာနေ ဦးထွန်းမင်းသိန်းသည် အောက် တိုဘာ ၂၈ ရက် ညနေ ၄ နာရီခန့်တွင် ပြိုင်း ချောင်းကျေးရွာသို့ ဆန်ကွဲဝယ်ယူရန် သွားစဉ် အိုးပုံတောင်ကျေးရွာ၏ မြောက်ဘက် ပြိုင်း ချောင်းကျေးရွာသွား ကားလမ်းပေါ်သို့အရောက် အရပ်ဝတ် ဝတ်ဆင်ထားသည့် AA အဖွဲ့ဝင် ၁၀ ဦးခန့်က အကြောင်းမဲ့ ထပ်မံ၍ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် AA အဖွဲ့က တပ်မတော်စစ်ကြောင်းအား အဝေးထိန်းရီမုမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံအချို့ဒဏ်ရာရရှိခဲ့ပြီး ဖြစ်စဉ်အား မမှန်သတင်းထုတ်လွှင့်မှုရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ပန်းမြောင်းဘက်မှာဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ သူက မဟုတ်မမှန်သတင်းလွှင့်ထားတာ တစ်ခုတော့တွေ့ရတယ်။ ခိုင်ခိုင်မာမာလည်း မဟုတ်ဘဲနဲ့ ရွာသားကို မေးပြီး ရေးတယ်ဆိုပြီး လုပ်ထားတာ။ အဓိကအဖြစ်မှန်ကတော့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ မြောက်ဦး-ပန်းမြောင်း ကားလမ်းတစ်လျှောက် မှာ ကျွန်တော်တို့ လုံခြုံရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေကို ရွာဟောင်းတော ကျေးရွာရဲ့ တောင်ဘက် မီတာ ၅၀၀ လောက်ကနေရီမု မိုင်းဖောက်ပြီးတော့ (AA) က တိုက်ခိုက်တယ်။ သုံးလုံးရှိရာမှာ နှစ်လုံးကွဲတယ်။ တစ်လုံးက ကျန်နေခဲ့တယ်။ အဲဒီတစ်လုံးကို တပ်ကနေပြီး ရှင်းလင်းနေတဲ့အချိန်မှာ ထပ်ပြီး ရီမုမိုင်းနဲ့ ခွဲတယ်။ ကျွန်တော်တို့ဆီက စစ်သည်နှစ်ယောက် ဒဏ်ရာရရှိသွားတယ်။ ပြီးရင် အဲဒီဘေးကနေ ဆိုင်ကယ်နဲ့ ဖြတ်သွားတဲ့ ပန်းမြောင်းကျေးရွာသား အရပ်သားနှစ်ဦး ဒဏ်ရာရရှိတယ်။ ဒါကိုပဲ တပ်ကနေပြီးတော့ မိုင်းဖော်ခိုင်းတယ်တို့ မီဒီယာတစ်ခုကနေ ရေးခဲ့တယ်” ဟု ၎င်းက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်