
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကွတ်ခိုင် မြို့နယ် လွယ်ကျောက်ကျေးရွာလွယ်ကျောက်စေတီတောင် ဘုန်းကြီးကျောင်းအားအောက်တိုဘာ၂၈ ရက် ညနေတွင် တပ်မတော်က ဝင်ရောက်စစ်ဆေးရာ၌TNLA တံဆိပ်ပါယူနီ ဖောင်းများ၊ မူးယစ်ဆေးဝါးများတွေ့ရှိသဖြင့် လုံခြုံရေးအရစစ်ဆေးခဲ့ပြီး စစ်ဆေးသူများ စစ်စည်းကမ်းဆိုင်ရာ လိုက်နာမှုအားနည်း လျှင် အရေးယူမည်ဟု တပ်မတော်က နိုဝင်ဘာ ၁ရက်တွင် သတင်းထုတ်ပြန်သည်။
အဆိုပါဘုန်းကြီးကျောင်းရှိ ဆရာတော် ဦးဝဏ္ဏိတအား ရိုက်နှက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းမီဒီယာအချို့က အောက်တိုဘာ ၃၁ရက်စတင်၍ တစ်ဖက်သတ်ဖော်ပြချက်သတင်းများ ထုတ်လွှင့်ခဲ့သည်ကို တွေ့ရှိရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖြစ်စဉ်အမှန်မှာ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် အဆိုပါဘုန်းကြီးကျောင်းအတွင်း၌ TNLA လက်နက်ကိုင်အဖွဲ့ဝင်များ သည် ကွတ်ခိုင်မြို့အား နှောင့်ယှက်ပစ်ခတ် ရန်အတွက် လက်နက်၊ ခဲယမ်းများသိုဝှက်ထားကြောင်းသတင်းအရ အောက်တိုဘာ၂၈ ရက် ညနေပိုင်းတွင် တာဝန်ရှိသူများနှင့် အတူဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကျောင်းဝန်း အတွင်း TNLA ဘက်တံဆိပ်ပါ ယူနီဖောင်းများ၊ လမ်းလျှောက်စကားပြောစက်နှင့် ဆရာတော်၏အိပ်ခန်းအတွင်းမှ မူးယစ်ဆေးဝါးများနှင့်မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအပြင် သံဃာ့ဝိနည်းတော်နှင့်မညီစွာ အမျိုးသမီးများနှင့် ယှဉ်တွဲရိုက်ကူးထားသည့်ဓာတ်ပုံများ၊ အရပ်ဝတ်ဖြင့် အမျိုးသမီးများနှင့် ယှဉ်တွဲရိုက်ကူးထားသည့် ဓာတ်ပုံများ၊ ပြောက်ကျားယူနီ ဖောင်းဝတ်ဆင်၍ရိုက်ထားသည့် ဓာတ်ပုံများ၊ ဆံပင်တုများနှင့် ညစ်ညမ်းစီဒီခွေများအား တွေ့ရှိရသဖြင့် လုံခြုံရေးအရ စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဦးဝဏ္ဏိတအား စစ်ဆေးခဲ့ပြီးနောက် တပ်မတော်မှ တာဝန်ရှိသူများသည် ၎င်းထံမှ ရရှိသော သံဃာတော်နှင့်မအပ်စပ်သည့် ပစ္စည်းများ၊ ၀ိနည်းနှင့်မညီသော သက်သေပစ္စည်းများ၊ ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ကွတ်ခိုင်မြို့နယ်သံဃနာယက ဥက္ကဌဆရာ တော်ထံသို့ လျှောက်ထားတင်ပြသခဲ့ရာ ဆရာတော်က အလားတူဖြစ်စဉ်မျိုး ဖြစ်ပွားလျှင် သာသနာညှိုးနွမ်းစေမှုဖြင့် တရားစွဲဆို မည်ဟု ပြန်လည်မိန့်ကြားခဲ့ကြောင်း သိရ သည်။
တပ်မတော်ဘက်သို့လည်း ၎င်းကဲ့သို့ ကိစ္စမျိုးဖြစ်ပွားလျှင် သက်ဆိုင်ရာသံဃာ့အဖွဲ့အစည်းထံ ဦးစွာတိုင်ကြားရန်နှင့် ကိုယ်ထိလက်ရောက်ဆောင်ရွက်ခြင်းများမပြုရန် မိန့်ဆိုခဲ့ကြောင်း သိရသည်။
ဦးဝဏ္ဏိတထံမှရရှိသော သံဃာတော် နှင့် မအပ်စပ်သောပစ္စည်းများ၊ အကြမ်းဖက် သောင်းကျန်းသူများနှင့် ဆက်စပ်မှုရှိနိုင်သော ပစ္စည်းများ၊ မှတ်တမ်းဓာတ်ပုံများအား ကွတ်ခိုင်မြို့ ပလောင်ယဉ်ကျေးမှုအဖွဲ့အား ခေါ်ယူပြသအသိပေးခဲ့ကြောင်း သိရသည်။
တပ်မတော်အနေဖြင့်ယင်းဖြစ်စဉ်အား လိုအပ်သောစုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွား မည်ဖြစ်ပြီး စစ်စည်းကမ်းဆိုင်ရာလိုက်နာမှု အားနည်းခြင်းများတွေ့ရှိရပါက လုပ်ထုံးလုပ် နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်