
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့ အမှိုက်သိမ်းစနစ်အား ပုဂ္ဂလိကကုမ္ပဏီသို့ လွှဲပြောင်းလုပ်ကိုင်စေမည့်သဘောတူ စာချုပ်အား ဝေဖန်မှုများမြင့်တက်ခဲ့သည့် အတွက် ယာယီအနေဖြင့်သာ စတင်ခွင့်ပြုခဲ့ကြောင်း ပြည်မြို့နယ်စည်ပင်သာယာရေး ကော်မတီထံက သိရသည်။
ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က လှုပ်ဆောင်နေသည့် အမှိုက်ဝန်ဆောင်မှုအား ပုဂ္ဂလိကစနစ်အဖြစ် ရက်ရာဇာကုမ္ပဏီကို နိုဝင်ဘာ ၁ ရက်စတင်ကာ ယာယီအနေဖြင့် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း ယင်းကော်မတီထံက သိရသည်။
“ယာယီအနေနဲ့ကတော့ နိုဝင်ဘာလက နေစတင်ပြီးခွင့်ပြုတယ်။ ကုမ္ပဏီနဲ့ချုပ်မယ့် စာချုပ်ကို တကယ့်စနစ်ကျတဲ့အရှုံးအမြတ်ဇယားတွေ တွက်ချက်ပြီး အသေးစိပ်ကွင်း ဆင်းစစ်ဆေးမယ်။ အချက်အလက်တွေစု မယ်။ ကုမ္ပဏီဘက်ကလည်း ဆောင်ရွက်ရမယ်။ အဲဒါတွေပြီးမှ စာချုပ်ကိုသေသေချာချာ တိတိကျကျချုပ်ပြီး ဆောင်ရွက်မယ်။ ကျွန်မတို့ကော်မတီကိုကူညီချင်တဲ့ အရပ်ဘက်အဖွဲ့တွေ မည်သူမဆို လာရောက်ပူးပေါင်းကူညီပြီး အချက်အလက်တွေ ကောက်ယူပေးပါ။ ကျွန်မတို့ကော်မတီမှာက အင်အားအရမ်းနည်းနေပါတယ်”ဟု ပြည်မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဒေါ်သန်းသန်းဝေက ပြောကြားသည်။
ပြည်မြို့အမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်းအတွက် တင်ဒါကိုကုမ္ပဏီလေးခုက လာရောက်တောင်းယူခဲ့သော်လည်း အမှန်တကယ်လျှောက်ရာတွင် ရက်ရာဇာကုမ္ပဏီတစ်ခုသာလာရောက်လျှောက်ထားခဲ့သည့် အတွက် တစ်ဦးတည်း တင်ဒါအောင်မြင်ခဲ့ကာအောက်တိုဘာလအတွင်းကလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အမှိုက် ဝန်ဆောင်မှုကို အခမဲ့စမ်းသပ်ပြုလုပ်ခဲ့ပြီး စာချုပ်ပါအချက်အလက်များကို အရပ်ဘက် အဖွဲ့များနှင့် ဒေသခံအချို့က ကန့်ကွက်ဝေဖန်မှုများ ပြုလုပ်ခဲ့ခြင်း အရပ်ဘက်အဖွဲ့များ ထံက သိရသည်။
“စာချုပ်ကစည်ပင်ကော်မတီနဲ့ ရက်ရာဇာကုမ္ပဏီနဲ့ချုပ်ခြင်း မချုပ်ခြင်းက တစ်ပိုင်းဖြစ်တယ်။ စာချုပ်ကိုဘယ်သူရေးလဲဆိုတာကိုစဉ်းစားရမှာဖြစ်တယ်။ ဒီစာချုပ်က အင်မတန်ကို ပြည်သူ့ဘက်ကိုမရပ်တဲ့ သဘောထားဖောက်ပြန်တဲ့သူတွေ ရေးဆွဲထားတယ်လို့ ယူဆရတယ်။ ဥပမာအားဖြင့် ဘာကြောင့်ရဲရဲ ကြီးပြောရဲလဲဆိုတော့ တစ်ချက်က သက်တမ်းရှည်တဲ့ကာလသက်တမ်းသည် ၁၅နှစ် ဖြစ်ခြင်း ၁ဝနှစ်ဖြစ်ခြင်းကို ပြောနေတာ မဟုတ်ဘူး။ အရင်းကျေအမှတ်ကို ပြောနေတာ။ ဘာဖြစ်လို့အရင်းကျေမှတ်ကို အားထား ရလဲဆိုတော့ နောက်ဆက်တွဲမှာပါတာက အရင်းကျေအမှတ်ပြီးသွားရင် တစ်နှစ်ကို ၁၀ ရာခိုင်နှုန်းတိုး ၁၅ နှစ်ကို တစ်လသိန်း ၃၀ ပေးမယ်ဆိုတော့နောက် ၁၆ နှစ်မှ ၁၀ ရာခိုင် နှုန်းပဲ တိုးပေးမှာ အရင်းကျေကာလ ၁၅ နှစ် လုပ်ချင်တယ်ဆိုတာ စာချုပ်မှာတစ်ခါမှမမြင်ဖူးဘူး။ ကုမ္ပဏီကဘက်ကလုပ်ချင်တယ်ဆိုတာ ကျွန်တော်တစ်ခါမှမမြင်ဖူးဘူး။ ဒါကို ပြန်သုံးသပ်စေချင်တယ်။ နောက်တစ်ခုက ပြည်သူကို စော်စော်ကားကားပြည်သူအတွက် ဘာမှအကျိုးမရှိနိုင်ဘူး။ ငွေရေးကြေးရေးပေါ့။ ဘာလို့လဲဆိုတော့ နောက် ၁၆ နှစ်ကျော် မှ ၃၁ သိန်းပဲရမှာ အဲဒါကိုပြန်စဉ်းစားပါ” မြို့ခံ ကိုစောသီဟက ဆိုသည်။
ယင်းဝေဖန်မှုများကြောင့် စာချုပ်အား ဆွေးနွေးနိုင်ရန်အတွက် အောက်တိုဘာ ၃၀ ရက်ကလည်း မူယာပင်ခန်းမတွင် လွှတ်တော်ကိုယ်စားလှယ်၊ စည်ပင်သာယာရေးအဖွဲ့၊ စည်ပင်ကော်မတီ၊ ကုမ္ပဏီနှင့် မြို့ခံများဆွေး နွေးပွဲတစ်ခုကိုပြုလုပ်ခဲ့ပြီး အရပ်ဘက်အဖွဲ့များက ဆွေးနွေးကြကာ ကုမ္ပဏီသက်တမ်း ကာလ ၁၅ နှစ်သတ်မှတ်ကြောင်းကို ထောက်ခံကြောင်း စာရွက်များဖြင့် တက်ရောက်လာသူများကို လိုက်လံလက်မှတ်ထိုးခိုင်းခဲ့ကာအချို့တက်ရောက်သူများက မှားယွင်းထိုးခဲ့မိ၍ပြန်လည်ဖျက်မှုများလည်း ရှိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ၎င်းက “ကျွန်တော်တို့ကစီးပွားရေးသေးသေးလေးတွေလုပ်ပါတယ်။ သေးသေးလေးလုပ်တာတောင်မှ Business Plan ဆွဲရတယ်။ ခွဲခြမ်းစိတ်ဖျာမှုတွေလုပ်ရတယ်။ အားနည်းချက်အားသာချက်တွေ စိန်ခေါ်မှုတွေကိုဆွဲရတယ်။ ဒီလိုသိန်း ၅၅၀၀ လောက်ရှိတဲ့ ကုမ္ပဏီကြီးက အဲဒီလိုမျိုး Business Plan ချပြနိုင်လား။ အရှုံးအမြတ် အရှုံးအမြတ်မသိဘဲ ကုမ္ပဏီကို ဘယ်လိုလုပ် စာနာနိုင်မှာလည်း ကျွန်တော်လည်းတွက်မှာ ပဲ အိမ် ၂၇၀၀၀ ရှိတယ်။ ကုမ္ပဏီအများကြီး ရှိတယ်။ ကွမ်းယာဆိုင်မုန့်ဟင်းခါးဆိုင် ၁၀၀၀ စီကောက်ဦးမယ် ကွမ်းယာဆိုင်မုန့်ဟင်းခါးဆိုင်ဆိုတာရပ်ကွက်တိုင်းမှာ မှိုလိုပေါက်နေတာ အဲတာတွေပါလာပြီ။ ရှုံးခြင်းမြတ်ခြင်းကို မသိနိုင်ဘဲ ကုမ္ပဏီက ၁၄ နှစ်မှအရင်းကျေပါမယ်။ ၁၅ နှစ်မှအရင်းကျေပါမယ်ဆိုတဲ့ပြော စကားဟာ ပေါက်တီးပေါက်တဲ့ပြောတဲ့စကားပဲဖြစ်တယ် ဒါဟာဒီစာချုပ်ထဲမှာ ရေးထားတဲ့ သူက တရားခံပဲ”ဟု ပြောကြားသည်။
ယင်းစာချုပ်ပါအချက်အလက်များအား ချုပ်ဆိုပြီးမှသာ ပြည်သူလူထုတွင်တွင်ကျယ်ကျယ်သိရှိရခြင်း၊ ဝန်ဆောင်မှုကာသက်တမ်းရှည်ကြာစွာထည့်သွင်းထားခြင်း၊ အမှိုက်သိမ်း ဝန်ဆောင်လုပ်ငန်းများအား ဖျက်လိုဖျက်ဆီး ပြောသူများ ၀ါဒဖြန့်ချိသူများနှင့် အမှိုက်ခွန်ပေးသွင်းရန် ပျက်ကွက်သူများကို စည်ပင်ဥပဒေဖြင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် စည်ပင်သာယာရေးအဖွဲ့၊ ကော်မတီတို့ကို မြန်မြန်ဆန်ဆန် တရားစွဲဆိုခိုင်းခြင်းတို့ ကြောင့် အရပ်ဘက်အဖွဲ့စည်းများကို ဝေဖန် ကန့်ကွက်နေရခြင်းဖြစ်ကြောင်း အရပ်ဘက် အဖွဲ့များက ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်