Top News

ကုန်တင်ကုန်ချကော်မတီ ငါးတောင်းဌာနမှ အလုပ်သမားများ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်ရသော်လည်း တောင်းဆိုမှုများမရ
24htopnews | January 4, 2025 1:12 AM CST

ကြည့်မြင်တိုင် ကုန်တင်ကုန်ချကော်မတီ ငါးတောင်းဌာနမှ အလုပ်ထုတ်ခံရသော အလုပ်သမားများက မူလဌာနတွင်အလုပ်ပြန်ခန့်ရန် တိုင်းအစိုးရအဖွဲ့ရုံးရှေ့၌ သုံးရက်ကျော်ကြာ တောင်းဆိုခဲ့ပြီးနောက် နိုဝင်ဘာ ၁ ရက်တွင် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံခွင့်ရသော်လည်း တောင်းဆိုမှုမရသဖြင့် ပြည်ထောင်စုလွှတ်တော်ချုပ်သို့စာချွန်တော်လျှောက်ထားမည်ဖြစ်ကြောင်းသိရသည်။

“ဝန်ကြီးချုပ်ကတော့ ကျွန်တော်တို့ကို တိုင်းကုန်တင်ကုန်ချကော်မတီကထုတ်ပြန် ထားတဲ့စာအတိုင်းမူလနေရာမှာ ပြန်မခန့်ဘဲ ဌာနခွဲခန့်တာကို လက်ခံလိုက်ပေါ့။ လက်ခံပြီးတော့နောက်မှ ကျွန်တော်တို့ရဲ့ မိခင်ဌာန ဖြစ်တဲ့ ငါးတောင်းဌာနမှာ ပြန်လျှောက်ပါတဲ့။  ကျွန်တော်တို့ ပြန်လျှောက်တဲ့အပေါ်မှာ ညှိနှိုင်းဆွေးနွေးပြီးတော့ ပြန်ခန့်၊ မခန့်ဖို့လုပ်ပေးမယ်တဲ့။ သူ့ဘက်က လုပ်ပေးနိုင်တာက ဒီလောက်ပဲလို့ ပြောတယ်။ အတိအကျကြီး ပြန်ခန့်မယ်လို့ မပြောဘူး။ ကျွန်တော်တို့က ဌာနခွဲခန့်တာကို လုံးဝလက်မခံတဲ့အတွက် ပြန်လျှောက်မှာမဟုတ်ဘူး။ နေပြည်တော်ကို စာချွန်တော်တက်မယ်”ဟု ကြည့်မြင်တိုင် ကုန်တင်ကုန်ချကော်မတီရုံး ငါးတောင်းဌာနခွဲမှ အလုပ်ထုတ်ခံရသူ ဦးဇော်မင်းထိုက်က ပြောကြားသည်။

အလုပ်ထုတ်ခံရသော အလုပ်သမား ခေါင်းဆောင်ခြောက်ဦးအား ဌာနခွဲခြား၍ သီးခြားစီအလုပ်ပြန်ခန့်ရန် ရန်ကုန်တိုင်း ကုန်တင်ကုန်ချကော်မတီက ဆုံးဖြတ်ချက်ချခဲ့ရာ ယင်းဆုံးဖြတ်ချက်အား ကျေနပ်မှုမရှိ သောအလုပ်သမားများက တိုင်းအစိုးရအဖွဲ့ ရုံးရှေ့သို့ လာရောက်တောင်းဆိုခဲ့သည်။

အောက်တိုဘာ၂၉ ရက် မွန်းလွဲပိုင်းမှ စတင်ကာအလုပ်ထုတ်ခံရသော အလုပ်သမားခြောက်ဦးမှာ ဝန်ကြီးချုပ်ညွှန်ကြားချက်ဖြင့် မူလဌာနတွင်သာ အလုပ်ပြန်ခန့်ပေးရန် တိုင်းအစိုးရအဖွဲ့ရုံး ဝင်ပေါက်(၄) ရှေ့ ၌ တောင်း ဆိုမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 


READ NEXT
Cancel OK