Top News

ရွှေဘိုမြို့နယ် ဇီးဖြူကုန်းကျေးရွာအနီး မိုင်းပေါက်ကွဲသဖြင့် လယ်ထဲတွင် ဟင်းရွက်ခူးနေသည့် ကလေးတစ်ဦးအပါအဝင် အမျိုးသားနှစ်ဦး မိုင်းစထိမှန်ဒဏ်ရာရရှိ
24htopnews | January 4, 2025 9:12 AM CST

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ဇီးဖြူကုန်းကျေးရွာအနီး မိုင်းပေါက်ကွဲသဖြင့် လယ်ထဲတွင် ဟင်းရွက်ခူးနေသည့် ကလေး တစ်ဦးအပါအဝင် အမျိုးသားနှစ်ဦး မိုင်းစထိ မှန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၃ ရက် ညနေ ၅ နာရီခွဲတွင် ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျေးရွာနေ ဦးထွန်းနိုင် (ခ) ထွန်းနိုင်ဦး (၄၀ နှစ်) သည် တစ်ရွာတည်းနေ မောင်မျိုးသိန်း (၁၁ နှစ်) နှင့်အတူ ကျေးရွာ၏တောင်ဘက် တစ်ဖာလုံခန့်အကွာရှိ လယ်တောသို့ ဟင်းရွက်ခူးရန်သွားရောက်စဉ် လယ်ကွက်များအနီး အရောက်၌ အဆိုပါနေရာတွင် ထောင်ထားသည့် မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဦးထွန်းနိုင် (ခ) ထွန်းနိုင်ဦးနှင့် မောင်မျိုးသိန်းတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ရွှေဘိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အထက်ပါဖြစ်မှ ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK