
သံဖြူဇရပ်မြို့နယ် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီရုံးခန်း အဖြစ် အသုံးပြုခဲ့သည့် အခန်းအား ဇူလိုင်လ ၅ ရက် နံနက်ပိုင်းက သက်ဆိုင်ရာက ယာယီ ချိပ်ပိတ်သိမ်းဆည်းခဲ့ ကြောင်း သတင်းရရှိသည်။
သံဖြူဇရပ်မြို့၊ ဗိုလ်နေဝင်းလမ်း၊ အောင် ဇေယျရပ်ကွက် သံဖြူဇရပ်မြို့နယ် ထွေ/အုပ် ရုံးရှေ့ရှိ ဒေါ်မြင့်မြင့်ခိုင် ဆိုသူပိုင်ဆိုင်သည့် နေအိမ်ခြံဝင်းအတွင်း သံဖြူဇရပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးခန်း အဖြစ် ငှားရမ်းဖွင့်လှစ်ခဲ့သော (၆ ထ ၈) ပေ၊ အုတ်ခင်း/အုတ်ကာ၊သွပ်မိုး အဆောက်အအုံ အား ဇူလိုင်လ ၅ ရက် နံနက် ၁၁ နာရီ အချိန် ခန့်က သက်ဆိုင်ရာက လာရောက်ကာ ယာ ယီ ချိပ်ပိတ် သိမ်းဆည်းခြင်းဖြစ်ကြောင်း သိရ သည်။
“ နေအိမ်ကိုတော့ ချိပ်မပိတ်ဘူး။ NLD ပါတီ မြို့နယ်ရုံးခန်းဖွင့်လှစ်ခဲ့တဲ့ အခန်းကိုပဲ ချိပ်ပိတ်ထားတာ တွေ့ရတယ်”ဟု သံဖြူဇရပ် မြို့ခံတစ်ဦးက ပြောကြားသည်။
အဆိုပါ သံဖြူဇရပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးခန်း အဖြစ် အသုံး ပြုခဲ့သည့် အခန်းအား အကြမ်း ဖက်တိုက်ဖျက် ရေး ဥပဒေဖြင့် အမှုဖွင့်အရေးယူခံထားရသည့် သံဖြူဇရပ်မြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဒေါ်မြတ်သီ တာထွန်းက ငှားရမ်းနေထိုင်အသုံးပြုခဲ့သည့် အတွက် ယာယီချိပ်ပိတ် သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း လုံခြုံရေးရဲတပ်ဖွဲ့နှင့် နီးစပ်သူ များထံမှ သိရသည်။
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၁ ရက်က လည်း အောင်သာယာရပ်ကွက်မှ နေအိမ်တစ် လုံး၊ ကြံ့ခိုင်ရေးရပ်ကွက်မှ နေအိမ်တစ်လုံးနှင့် ကျုံကဒတ်ကျေးရွာရှိ နေအိမ်တစ်လုံး တို့မှာ လည်း အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်သည်ဟု ဆိုကာ သက်ဆိုင်ရာက ချိပ်ပိတ်သိမ်းဆည်းခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကျိုက်မရောမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဖြစ်သူ ဒေါ်ခင်မျိုး မြင့်၏ နေအိမ်မှာလည်း အကြမ်းဖက်အဖွဲ့ အစည်းများနှင့် ဆက်စပ်သည်ဟုဆိုကာ သက်ဆိုင်ရာမှ ချိပ်ပိတ်သိမ်းဆည်း ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်