
ရှမ်းပြည်နယ် တောင်ကြီးမြို့ ဘုရားဖြူ ရပ်ကွက်တွင် ရုံးခန်းဖွင့်ထားသော Invescog management company limited ၏ CEO ဖြစ်သူ ဦးကျော်ဇင်ထက် နှင့် ဇနီးဖြစ်သူ ဒေါ် သင်းလဲ့လဲ့ခိုင် တို့ ဇနီးမောင်နှံ နှစ်ဦးငွေကျပ် ဘီလျံချီ လိမ်လည်ထွက်ပြေးသဖြင့် ဆုံးရှုံးနစ် နာသူပေါင်း လူဦးရေ တစ်ထောင်ကျော်ရှိ ကြောင်း စုံစမ်းသိရသည်။
အဆိုပါ Invescog management company limited သည် ၂၀၁၈ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ကုမ္ပဏီ ၏ CEO ဖြစ်သူ ဇနီးမောင်နှံနှစ်ယောက်တို့သည် ၂၀၂၃ ခုနှစ် ဇူလိုင် ၄ ရက်တွင် ထွက်ပြေးသ ဖြင့် ဆုံးရှုံးနစ်နာမှုများစွာဖြစ်ခဲ့ရကြောင်း နစ် နာသူများက လူမှုကွန်ရက်များတွင် ရင်ဖွင့် ထားကြသည်။ အဆိုပါ ဇနီးမောင်နှံလိမ်လည် သွားသောငွေကြေးမှာသိန်းပေါင်း နှစ်သောင်း ကျော်ရှိသည်ဟု သတင်းထွက်ပြီး ငွေကြေး ထည့်ဝင်သူပေါင်း ၁၂၀၀ ကျော် ရှိ နိုင်ကြောင်း ငွေကြေးဆုံးရှုံးသူ တစ်ဦးက ပြောကြားသည်။
အဆိုပါ Invescog management company limited သည် ထည့်ဝင်ငွေ ပမာဏအပေါ် မူတည်၍ ရာခိုင်နှုန်းပေးခြင်း ဖြစ်ပြီး လေးလလျှင် တစ်ကြိမ် စာချုပ်သက် တမ်းတိုးခြင်းဖြစ်ကြောင်း သိရသည်။ ငွေကျပ် သိန်း ၁၀၀ ထည့်ဝင်လျှင် ၈ ရာခိုင်နှုန်း၊ ငွေ ကျပ်သိန်း ၅၀ ထည့်ဝင်လျှင် ၇ ရာခိုင်နှုန်း စသဖြင့် အတိုးနှုန်း ကွာခြားပြီး နိုင်ငံခြားတွင် လည်း ရင်းနှီးမြှုပ်နှံမှုများ ထည့်ဝင်ထားသည် ဟု အကြောင်းပြချက်ပေးထားကာ ယုံကြည် အောင် သိမ်းသွင်းခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတ ကာ ရွှေစျေးကွက်၊ ရေနံစျေးကွက် ၊ နိုင်ငံတ ကာ ငွေကြေးရှယ်ယာဝယ်ယူရောင်းချခြင်း များအပါအဝင် အခြားလုပ်ငန်းများလည်း လုပ်ကိုင်ရာမှ ရရှိသော အမြတ်ငွေဖြင့် လုပ် ငန်း ဆောင်ရွက်သည်ဟုဆိုကာ ရှယ်ယာ ထည့်ဝင်သူများကို ယုံကြည်အောင် ဆောင် ရွက်ထားခြင်းဖြစ်ကြောင်း သတင်းရင်းမြစ် များထံမှ သိရသည်။
Invescog management company limited ကုမ္ပဏီ၏ ပိုင်ဆိုင်သော ရုံးခန်း အဆောက်အအုံကို သက်ဆိုင်ရာက ချိပ်ပိတ် လိုက်ပြီး ကုမ္ပဏီ၏ ဒါရိုက်တာ အဖွဲ့ဝင် နှစ်ဦး ကိုလည်း တောင်ကြီး မြို့မရဲစခန်းတွင် ဖမ်း ဆီးထိန်းသိမ်းထားကြောင်း သတင်းရင်းမြစ် များထံမှ သိရသည်။
ထိုသို့ ငွေကြေးထည့်ဝင်လျှင် နေ့စဉ် အတိုးပေးမည်ဟု မက်လုံးပေး၍ လိမ်လည်မှု ဖြစ်စဉ်မျိုး ညောင်ရွှေမြို့နယ်တွင် နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်း ထွက်ပြေးခဲ့သော တစ်ကြိမ်တွင် ငွေ ကြေး သိန်းပေါင်း တစ်သိန်းကျော် ရှိနိုင် ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်