
ဒဂုံဆိပ်ကမ်းမြို့နယ် ရွှေလီလမ်းတွင် ယာဉ်နှစ်စီးတိုက်မိပြီး ခြောက်ဦးဒဏ်ရာရရှိမှု ဇူလိုင် ၆ ရက်က ဖြစ်ပွားခဲ့သည်။
ဇူလိုင် ၆ ရက် ၊ နံနက် ၁၀ နာရီခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ် ၊ ရွှေလီလမ်းနှင့် မြနန္ဒာလမ်းထောင့်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရသဖြင့် 5B Taxi လူမှုကူညီရေးအသင်းမှ သွားရောက်ခဲ့ကြောင်း သိရသည်။
လိုက်ထရပ်ယာဉ်နှင့် မြေသယ်ယာဉ်(Faw)တိုက်မိခဲ့ခြင်းဖြစ်ပြီး လိုက်ထရပ်ယာဉ်မှာ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
"မနက် ၁၀ နာရီလောက်က သတင်းရလို့ သွားရောက်ခဲ့တာပါ။လိုက်ထရပ်နဲ့ Faw ကားတိုက်တာပါ။ လိုက်ထရပ်က မှောက်သွားပါတယ်"ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့သည့် 5B Taxi လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လိုက်ထရပ်ယာဉ်ပေါ်မှ ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
"လိုက်ထရပ်ပေါ်က ဒဏ်ရာရတဲ့သူ ခြောက်ဦးကို ကျွန်တော်တို့ ကမာနှစ်စီးနဲ့ ဆေးရုံပို့ဆောင်ခဲ့ပါတယ်"ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့သည့် 5B Taxi လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဒဏ်ရာရရှိသူများအား 5B Taxi လူမှုကူညီရေးအသင်းမှ ယာဉ်ဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်