
တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်ဖြစ်ကြောင်း KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
(၇၄) နှစ်မြောက် “ကရင်အမျိုးသားလွတ်မြောက်ရေး (ကော်သူးလေ) တပ်မတော်နေ့” သို့ ပေးပို့သည့် သဝဏ်လွှာတွင် KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားထားခြင်း
(၇၄) နှစ်မြောက် “ကရင်အမျိုးသားလွတ်မြောက်ရေး (ကော်သူးလေ) တပ်မတော်နေ့” တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ အရာရှိစစ်သည်များနှင့် မျိုးချစ်တပ်မတော်သားများ၊ မျိုးချစ်တော်လှန်ရေးခေါင်းဆောင်များနှင့် ပြည်တွင်းပြည်ပရှိ ကရင်အမျိုးသားအားလုံးအတွက် ဆုမွန်ကောင်းတောင်းအပ်ကြောင်း၊ မိမိတို့ ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကြီး ရှင်သန်ရပ်တည်နေနိုင်ခြင်းသည် ကရင်အမျိုးသားများ၏ ထောက်ပံ့မှုများနှင့် ကူညီအားပေးမှုများကြောင့်သာလျှင် ဖြစ်ကြောင်း KNU ဥက္ကဋ္ဌက ပြောကြားသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ အကြီးမားဆုံးသောတာဝန်သည် ကရင်အမျိုးသားများ၏ နိုင်ငံရေးရပ်တည်ချက်နှင့် ကရင်ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များအပြင် ကရင်အမျိုးသားများအား သတ်ဖြတ်ခြင်းများနှင့် ဖျက်ဆီးခြင်းများအား အကာအကွယ်ပေးခြင်းဖြစ်ကြောင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ အဓိကတာဝန်သည် ကရင်အမျိုးသားများအပြင် ပြည်သူလူထုများအား ကာကွယ်ပေးရန်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
မိမိတို့၏ နိုင်ငံရေးရပ်တည်ချက်နှင့် နိုင်ငံရေး ရည်မှန်းချက်ပန်းတိုင်သည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဖက် ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို တည်ဆောက်ရန် ရည်ရွယ်ချက်နှင့်အညီ မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များ ပြီးမြောက်အောင်မြင်သည်အထိ ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ကြောင်း၊ ကရင်အမျိုးသားအစည်းအရုံး နှင့် ကရင်အမျိုးသားများ၏ အဓိကရည်မှန်းချက်သည် လူမျိုးတိုင်း၊ တိုင်းပြည်တိုင်းနှင့် နိုင်ငံတစ်နိုင်ငံလုံးအတွက် အကျိုးရှိသော ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်ရန်ဖြစ်ကြောင်းနှင့် ကရင်အမျိုးသားတစ်စု တစ်ဖွဲ့တည်းနှင့် လူမျိုးတစ်မျိုးတည်းအတွက် မဟုတ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိ နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာအခြေအနေများသည် မိမိတို့နိုင်ငံ၏သမိုင်းတစ်လျှောက်ဖြစ်ပျက်ခဲ့သည့် အခြေအနေများနှင့် လုံးဝမတူဘဲ ခြားနားလျက်ရှိကြောင်း၊ ထို့ကြောင့် ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး (ကော်သူးလေ) တပ်မတော်အနေဖြင့် ကရင်အမျိုးသားများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် ကရင်အမျိုးသားများ၏ နိုင်ငံရေးအပြင် ပြည်သူလူထုတစ်ရပ်လုံးအား ပိုမိုထိရောက်သည့် ခုခံကာကွယ်မှုများကို လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ထို့ပြင် အခြေအနေပေးအပ်လာသည့် အခွင့်အရေးများကို အရယူပြီး ပြည်သူ့ရေးရာဝန်ဆောင်မှုအပြင် မိမိတို့၏အုပ်ချုပ်ရေးအပါအဝင် မိမိတို့၏ ကိုယ်ပိုင်လုံခြုံရေးစနစ်နှင့် လုပ်ထုံးလုပ်နည်းများကို ထူထောင်ရန် လိုအပ်ကြောင်း၊ လက်ရှိအချိန်ကာလသည် ကြီးမားသည့် စိန်ခေါ်မှုများရှိသကဲ့သို့ မိမိတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မည့် အခွင့်ကောင်းများလည်း ရှိနေကြောင်း KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်