Top News

NUG ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည့် တီမောလက်စ်တေအစိုးရ၏ လုပ်ဆောင်ချက်အပေါ် ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန် 
24htopnews | January 4, 2025 9:12 AM CST

NUG ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည့် တီမောလက်စ်တေအစိုးရ၏ လုပ်ဆောင်ချက်အပေါ် ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၅ ရက် ညပိုင်းတွင် ထုတ်ပြန်သည်။ 

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးသည် ဇူလိုင် ၅ ရက်တွင် ရန်ကုန်မြို့ရှိ တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Avelino Fernandes Ximenes Pereira အား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဖိတ်ခေါ်၍

ထိုသို့ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။ 

ဇူလိုင် ၁ ရက်က တီမောလက်စ်တေနိုင်ငံ၌ ကျင်းပခဲ့သည့် တီမောလက်စ်တေ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ (၉) ကြိမ်မြောက် အစိုးရ၏ ဝန်ကြီးချုပ်အသစ်နှင့် အစိုးရအဖွဲ့ဝင်များ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံမှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် NUG ၏ ကိုယ်စားလှယ်များအား ဖိတ်ကြားတက်ရောက်စေခဲ့သည့်ကိစ္စနှင့် တီမောလက်စ်တေသမ္မတမှ ၎င်းတို့အား လက်ခံတွေ့ဆုံခဲ့သည့်ကိစ္စများနှင့် စပ်လျဉ်း၍ တီမောလက်စ်တေအစိုးရ၏ လုပ်ဆောင်ချက်အပေါ် ကန့်ကွက်ကြောင်းနှင့် ယင်းသို့တွေ့ဆုံမှုမျိုး နောင်တွင်မပြုလုပ်ရေး တိုက်တွန်းပြောကြားခဲ့ပြီး ကန့်ကွက်သည့် သတိထောက်လွှာအား တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံထံ ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အဆိုပါ သတိထောက်လွှာတွင် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် NUG အား တီမောလက်စ်တေအစိုးရက ဖိတ်ကြားခဲ့မှုသည် မြန်မာနိုင်ငံအတွင်း၌ ၎င်းအဖွဲ့အစည်းမှ ကျူးလွန်ဆောင်ရွက်နေသည့် အကြမ်းဖက်လုပ်ရပ်များအား အားပေးအားမြှောက်ပြုလုပ်ရာရောက်ကြောင်းနှင့် မြန်မာနိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာစာချုပ်များအား ဖောက်ဖျက်ရာလည်း ရောက်ကြောင်း ပါရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 


READ NEXT
Cancel OK