
မိုခါမုန်တိုင်းသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တရုတ်ဗုဒ္ဓဘာသာအသင်းနှင့် ထိုင်းကုမ္ပဏီတစ်ခုက အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆိုင်ကလုန်း “မိုခါ” သဘာဝ ဘေးအန္တရာယ်သင့်ခဲ့ရသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ပေကျင်းမြို့၊ မြန်မာသံရုံးမှတစ်ဆင့် ပေကျင်းမြို့ရှိ တရုတ်ဗုဒ္ဓဘာသာအသင်းက တရုတ်ယွမ် တစ်သန်းနှင့်ညီမျှသည့် အမေရိကန်ဒေါ်လာ ၁၃၉,၇၉၅ (အမေရိကန်ဒေါ်လာ တစ်သိန်းသုံးသောင်းကိုးထောင်ခုနှစ်ရာကိုးဆယ့်ငါးတိတိ) လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ဗန်ကောက်မြို့၊ မြန်မာသံရုံးမှတစ်ဆင့် The First Good Man Group Co., Ltd. ၏ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Fuangfoo Cheewinmaharat နှင့် အကြံပေးအရာရှိ Mr. Thanich Numnoi တို့က ထိုင်းဘတ် နှစ်သိန်းကို လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ အလှူငွေများအား နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသက်နောင်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ညွှန်ကြားရေးမှူး ဦးသန်းစိုးထံ ဇွန် ၃၀ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်