
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) တို့အကြား သဘောတူညီမှုစာလွှာ (LoA) သက်တမ်းတိုး လက်မှတ်ရေးထိုးနိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ၏ ယာယီအကြီးအကဲဖြစ်သူ Ms. Danielle Parry တို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ၏ ယာယီအကြီးအကဲဖြစ်သူ Ms. Danielle Parry တို့သည် ဇူလိုင် ၄ ရက်က နေပြည်တော်ရှိ လူကယ်ပြန်ဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံ၍ ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။
ထိုသို့တွေ့ဆုံရာတွင် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ၏ ယာယီအကြီးအကဲဖြစ်သူ Ms. Danielle Parry က ရခိုင်ပြည်နယ်ရှိ မုန်တိုင်းသင့်သူများအတွက် လူသားချင်း စာနာမှုဆိုင်ရာအကူအညီများ ပေးအပ်လိုသည့်ကိစ္စ၊ OCHA ဝန်ထမ်းများ၏ ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာကိစ္စများနှင့် ပြည်တွင်းခရီးသွားလာခွင့်ဆိုင်ရာကိစ္စများကို တင်ပြခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် လုပ်ငန်းကော်မတီ(၁၂)ရပ် ဖွဲ့စည်းထားရှိမှု၊ မိုခါဆိုင်ကလုန်း မုန်တိုင်းအတွက် နိုင်ငံတကာ အကူအညီများနှင့်စပ်လျဉ်း၍ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ၏ ညှိနှိုင်းဆောင်ရွက်ပေးနေမှု၊ မိုခါမုန်တိုင်းဒဏ်သင့် ဒေသများသို့ နိုင်ငံတကာအကူအညီများ ပေးပို့ရန်အတွက် ပေါင်းစပ်ညှိနှိုင်းမှုလုပ်ငန်းယန္တရားတစ်ရပ် ဖော်ဆောင်ရေးဆောင်ရွက်နေမှု၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် OCHA တို့အကြား သဘောတူညီမှု စာလွှာ(LoA)သက်တမ်းတိုး လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်