Top News

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောနည်းပညာများ လွှဲပြောင်းရရှိရေးကိစ္စရပ်များနှင့်ပတ်သက်၍ မြန်မာနှင့် တရုတ် ဆွေးနွေး 
24htopnews | January 4, 2025 9:12 AM CST

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောနည်းပညာများ လွှဲပြောင်းရရှိရေးကိစ္စရပ်များနှင့်ပတ်သက်၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် တရုတ်နိုင်ငံ စက်မှုနှင့်သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဝန်ကြီး Mr. Jin Zhuanglong တို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

China-ASEAN Forum on Emerging Industry သို့ တက်ရောက်ရန် တရုတ်နိုင်ငံ ကွမ်တုံးပြည်နယ် ရှန်းကျန်းမြို့သို့ ရောက်ရှိနေသော စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၄ ရက်က  ရှန်းကျန်းမြို့၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စက်မှုနှင့်သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဝန်ကြီး Mr. Jin Zhuanglong ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံရာတွင် အထက်ပါအချက်ကို ထည့်သွင်းဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် လျှပ်စစ်ကားများ၊ ဆိုလာများ၊ ဆေးပစ္စည်းထုတ်လုပ်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောနည်းပညာများ လွှဲပြောင်းရရှိရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် China-ASEAN Forum on Emerging Industry ဖွင့်ပွဲအခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများနှင့်အတူ တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


READ NEXT
Cancel OK