Top News

အာဆီယံ-ပရီတိုးရီးယားကော်မတီ လစဉ်ပုံမှန်အစည်းအဝေးသို့ မြန်မာသံအမတ်ကြီး တက်ရောက် 
24htopnews | January 4, 2025 9:12 AM CST

တောင်အာဖရိကနိုင်ငံ အခြေစိုက် အာဆီယံနိုင်ငံသံရုံးများ၏ အာဆီယံ-ပရီတိုးရီးယားကော်မတီ (ASEAN Pretoria Committee-APC) လစဉ် ပုံမှန်အစည်းအဝေးကို ဇူလိုင် ၃ ရက်က ကော်မတီဥက္ကဋ္ဌ ဖိလစ်ပိုင်သံအမတ်ကြီးက ဦးစီး၍ ဖိလစ်ပိုင်သံရုံးတွင် ကျင်းပခဲ့ရာ အာဆီယံနိုင်ငံ သံရုံးအကြီးအကဲများနှင့်အတူ မြန်မာသံအမတ်ကြီး ဦးမြင့်ဆွေလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ 

ယင်းအစည်းအဝေးတွင် အာဆီယံ-ပရီတိုးရီးယားကော်မတီနှင့် တောင်အာဖရိကအစိုးရ၊ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့များ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် သံတမန်ရေး၊ ပညာရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့် ၂၀၂၃ ခုနှစ်အတွင်း ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များအား သံရုံးအကြီးအကဲများက ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။ 

အစည်းအဝေးအပြီးတွင် ကော်မတီ၏ ၂၀၂၃ ခုနှစ်၊ ဒုတိယ (၆) လတာကာလ အလှည့်ကျဥက္ကဋ္ဌတာဝန်အား ဖိလစ်ပိုင်သံအမတ်ကြီးက ထိုင်းသံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ 


READ NEXT
Cancel OK