Top News

မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေး
24htopnews | January 4, 2025 9:12 AM CST

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်၏ စီစဉ်မှုဖြင့် ဆိုးလ်မြို့တွင် ကျင်းပလျက်ရှိသော 2023 Asian Business Summit သို့ တက်ရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူတို့သည် ဇူလိုင် ၅ ရက်က ကိုရီးယားသမ္မတနိုင်ငံ၊ Korea Foods Industry Development Association (KFIDA) ဥက္ကဋ္ဌ Mr. Christophe Kim နှင့် မြန်မာသံရုံး၌ တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းသို့ဆွေးနွေးရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များအား ကိုရီးယားသမ္မတနိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရေးနှင့် လယ်ယာထွက်ကုန်များ ဝယ်ယူတင်သွင်းရေးကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံသို့ ကိုရီးယား စီးပွားရေးကိုယ်စားလှယ်အဖွဲ့ ယခုနှစ် နိုဝင်ဘာလအတွင်း သွားရောက်နိုင်ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK