Top News

နန့်ယင်းမြစ်ရေသည် မိုးညှင်းမြို့နှင့် မိုးကောင်းမြို့တို့တွင် စိုးရိမ်ရေမှတ်အနီးသို့ ရောက်ရှိနေပြီး တစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ခြင်းကြောင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ သတိပြုနေထိုင်ရန် မိုးဇလက ထုတ်ပြန်
24htopnews | January 4, 2025 11:12 AM CST

နန့်ယင်းမြစ်ရေသည် မိုးညှင်းမြို့နှင့် မိုးကောင်းမြို့တို့တွင် စိုးရိမ်ရေမှတ်အနီးသို့ ရောက်ရှိနေပြီး တစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ခြင်းကြောင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ သတိပြုနေထိုင်ရန် ဇွန် ၄ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မြစ်ရေကြီးခြင်း သတိပေးချက်အနေဖြင့် ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ ဇွန် ၄ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁၁ နာရီခွဲအချိန် တိုင်းထွာချက်အရ နန့်ယင်းမြစ်ရေသည် မိုးညှင်းမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် တစ်ပေခွဲခန့်တွင် ရောက်ရှိနေကြောင်း၊ အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

အလားတူ နန့်ယင်းမြစ်ရေသည် မိုးကောင်းမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် သုံးပေခန့်တွင် ရောက်ရှိနေကြောင်း၊ အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

ယင်းအတွက်ကြောင့် မိုးညှင်းမြို့နှင့် မိုးကောင်းမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် မိုးဇလက သတိပေးထားကြောင်း သိရသည်။


READ NEXT
Cancel OK