
မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ပြေးဆွဲလျက်ရှိသော လူစီးသုံးဘီးအငှားယာဉ်များကို ဆေးအဝါရောင် ပြောင်းလဲရန် ယခုနှစ်မတ်လဆန်းပိုင်းမှစတင်ကာ အသိပေးကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဆေးအရောင်ပြောင်းလဲခြင်းမရှိသေးသည့် သုံးဘီးယာဉ်များအား ဇူလိုင်လဆန်းပိုင်းမှ စတင်ကာ စိစစ်အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဆေးအဝါရောင်မပြောင်းလဲသည့် သုံးဘီးယာဉ်များကို လုပ်ငန်းလိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီ (မြို့တွင်း) မှ အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြို့ပြအင်္ဂါရပ်နှင့်အညီ ယာဉ်စည်းကမ်း လမ်းစည်းကမ်း စနစ်တကျရှိစေရန်နှင့် ခရီးသည်များ လုံခြုံစိတ်ချစွာဖြင့် သွားလာမှု အဆင်ပြေစေရန်ရည်ရွယ်၍ လူစီးသုံးဘီးအငှားယာဉ်များကို ဆေးအရောင်တစ်ရောင်တည်း ဖြစ်စေရန် သတ်မှတ်ချက်ကို မတ်လဆန်းတွင် ယာဉ်ပိုင်ရှင်များသို့ အသိပေးနှိုးဆော်ခဲ့ပြီး ဆေးရောင်ပြောင်းလဲပြီးယာဉ်များအား ယာဉ်စစ်မှတ်တမ်းတင်ခြင်းလုပ်ငန်းများကို ချမ်းမြသာစည်မြို့နယ် မန္တလာသီရိအားကစားကွင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆေးရောင်ပြောင်းလဲဆောင်ရွက်ခြင်းလုပ်ငန်းများကို ဇွန် ၃၀ ရက် နောက်ဆုံးသတ်မှတ်ခဲ့ပြီး ယခုအခါ ဆောင်ရွက်ခြင်းမပြုဘဲ ပျက်ကွက်သည့်ယာဉ်များကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်းလိုင် စင်ရပ်စဲသွားမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အခုပညာပေးကာလ ကျော်သွားပြီလို့ ယာဉ်ထိန်းတွေက သတိပေးတာမျိုးရှိပါတယ်။ ဆေးပြောင်းတာက ကွန်ပျူတာဆေးဆိုရင် တစ်စီးကို သုံးသိန်းနီးပါးကုန်တယ်။ တချို့ကတော့ စတစ်ကာအဝါကပ်တာမျိုးလုပ်တယ်။ ဆေးအဝါကတော့ မဖြစ်မနေ ပြောင်းကိုပြောင်းရမှာ။ ကျွန်တော်တို့ဂိတ်မှာ တော်တော်များများ ပြောင်းပြီးကြပါပြီ။ ကျွန်တော်ကတော့ ပြောင်းဖို့ ငွေမပြည့်သေးလို့ ကျန်နေတာပေါ့” ဟု သုံးဘီးအငှားမောင်းသူတစ်ဦးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်