Top News

ရေစကြိုမြို့နယ် ကျောမကြားကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း မိုင်းခွဲဖျက်ဆီးခံရ
24htopnews | January 4, 2025 11:12 AM CST

ရေစကြိုမြို့နယ် ကျောမကြားကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း မိုင်းခွဲဖျက်ဆီးခံရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင် ၁ ရက် နံနက် ၉ နာရီ မိနစ် ၅၀ တွင် မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ကျောမကြားကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းသို့ PDF အဖွဲ့ အင်အား (စိစစ်ဆဲ) ရောက်ရှိလာပြီး စာသင်ကျောင်းဝင်းအတွင်းရှိ အလျားပေ ၆၀ အနံပေ ၃၀၊ တစ်ထပ် RC ကျောင်းဆောင်ကို လက်လုပ်မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် စာသင်ကျောင်းဆောင်၏ ပြတင်းပေါက်မှန် ၆၆ ချပ်၊ မျက်နှာကြက်ကျောက်ပြား ၂၀ ချပ်၊ အမိုးသွပ် ၁၀ ချပ်တို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK