
မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းက မီးလင်းရွှေကို ပြင်ပပေါက်စျေးထက် စျေးလျှော့ရောင်းချခြင်း ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
၁၀ ရက်မြောက်နေ့အဖြစ် မီးလင်းရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း သုံးဆယ်သုံးသောင်းနှုန်းဖြင့် ရောင်းချခဲ့ရာ ယခင်နေ့များထက် လာရောက်ဝယ်ယူသူပိုများခဲ့ကြောင်း သိရသည်။
“နောက်ရက်တွေမှာလည်း ဆက်တိုက်ရောင်းချပေးမှာပါ” ဟု မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရွှေလာဝယ်ယူသူများပြားလာသဖြင့် ဝယ်ယူမှုများကို သေချာစစ်ဆေးမည်ဖြစ်ကြောင်း၊ မမှန်မကန်ဝယ်ယူမှုများ၊ နေရာဦးရောင်းစားခြင်းများကို လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း အသိပေးအပ်သည်ဟု မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ခဲ့သည်။
ဇွန် ၁၉ ရက် မွန်းလွဲပိုင်းမှစ၍ မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းက မီးလင်းရွှေများကို တစ်ကျပ်သားလျှင် ကျပ်သိန်းသုံးဆယ် ငါးသောင်းနှုန်းဖြင့် စတင်ရောင်းချပေးခဲ့သည်။
ဇွန် ၂၀ ရက်တွင်ရောင်းချပေးသည့် စျေးနှုန်းအနေဖြင့် ရွှေတစ်ကျပ်သား ကျပ်သိန်းသုံးဆယ် လေးသောင်းနှုန်းဖြစ်ပြီး ဇွန် ၂၁ ရက်နှင့် ဇွန် ၂၂ ရက်တွင် ကျပ်သိန်းသုံးဆယ် သုံးသောင်းငါးထောင်၊ ဇွန် ၂၃ ရက်တွင် ကျပ်သိန်းသုံးဆယ် သုံးသောင်းနှုန်းဖြင့် စျေးထပ်မံလျှော့ချရောင်းချခဲ့ခြင်းဖြစ်သည်။
စတင်ရောင်းချသည့် ဇွန် ၁၉ ရက်တွင် လာရောက်ဝယ်ယူသူ ၅၀ ရှိပြီး ဇွန် ၂၀ ရက်နှင့် ဇွန် ၂၁ ရက်တို့တွင် လူ ၆၀ ကျော် လာရောက်ဝယ်ယူခဲ့ကြောင်း၊ ဇွန် ၂၂ ရက်တွင် လာရောက်ဝယ်ယူသူ ၁၀၀ နီးပါးရှိခဲ့သည်။
အသင်းတွင် ရွှေဝယ်ယူမည်ဆိုပါက အသင်းသားမှလွဲ၍ မည်သူမဆိုလွတ်လပ်စွာ လာရောက်ဝယ်ယူနိုင်ပြီး အိမ်ထောင်စုဇယား၊ မှတ်ပုံတင်မူရင်းနှင့် မိတ္တူယူဆောင်လာရမည်ဖြစ်ကြောင်း၊ နေ့စဉ်မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ရွှေစျေးနှုန်းများ မြင့်တက်နေသဖြင့် မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းမှ ရွှေလုပ်ငန်းရှင်အချို့အား သက်ဆိုင်ရာက ခေါ်ယူမေးမြန်းဆွေးနွေးမှုများရှိခဲ့သည်။ မန္တလေးမြို့ရှိ ရွှေလုပ်ငန်းရှင် ၁၂ ဦးအား ဇွန် ၁၅ ရက်တွင် စတင်ခေါ်ယူမေးမြန်းခဲ့ခြင်းဖြစ်သည်။
မန္တလေးမြို့တွင် ဇွန် ၁ ရက်မှ ဇွန် ၂ ရက်အထိ ရွှေနှင့် ငွေကြေးစျေးကွက်စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့်ဗဟိုဘဏ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အခြားသော သက်ဆိုင်ရာအဖွဲ့အစည်းများ ပါဝင်သည့်အဖွဲ့များက မြေပြင်တွင် သွားရောက်စစ်ဆေးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်