
နေထိုင်ခွင့် ငါးနှစ်သတ်မှတ်ထားသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာ ငှားရမ်းခွင့်လျှောက်လွှာများ တစ်စောင် ၃၀၀၀ ကျပ်နှုန်းဖြင့် သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးများတွင် ဇူလိုင် ၃ ရက်က စတင်၍ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရှိ အခန်းများသည် တစ်ခန်းအကျယ် ၅၈၈ စတုရန်းပေရှိပြီး အခန်းပေါင်း ၁၁၆၈ ခန်းကို ပထမအဆင့်အနေဖြင် ငှားရမ်းသွားမည်ဖြစ်ကြောင်း DUHD-Ygn Facebook တွင် သတင်းထုတ်ပြန်ထားသည်။
ငှားရမ်းခွင့် လျှောက်လွှာများကို ဇူလိုင် ၃ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ရောင်းချပေးမည်ဖြစ်ပြီး မိမိတို့ဝယ်ယူခဲ့သည့် မြို့နယ်ထွေ/အုပ်ရုံးများတွင် ဇူလိုင် ၃၁ ရက် နောက်ဆုံးထားကာ လျှောက်လွှာများကို ပြန်တင်ရမည်ဖြစ်သည်။
အိမ်ခန်းငှားရမ်းခြင်း သက်တမ်းမှာငါးနှစ်ဖြစ်ပြီး ငါးနှစ်နေထိုင်ပြီးပါက အိမ်ခန်းကို ပြန်လည်အပ်နှံရမည်ဖြစ်ကာ တစ်လငှားရမ်းခနှုန်းထားများမှာ ပထမထပ် - ၆၇၀၀၀ ကျပ်၊ ဒုတိယထပ် - ၆၀၀၀၀ ကျပ်၊ တတိယထပ် - ၅၅၀၀၀ ကျပ်၊ စတုတ္ထထပ် - ၄၆၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရသည်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာသည် ဝင်ငွေနည်းပြီး အမှန်တစ်ကယ်နေရေးအခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် ဝန်ထမ်းအိမ်ရာမရှိသဖြင့် နေရေးအခက်အခဲရှိနေသော တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအတွက် ရည်ရွယ်ကြောင်း သိရသည်။
အဆိုပါငှားရမ်းခွင့်လျှောက်ထားသူသည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း အိမ်ငှားနေထိုင်သူ (သို့မဟုတ်) အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး အိမ်၊မြေပိုင်ဆိုင်ထားသူ မဖြစ်စေရကြောင်း၊ မိမိ (သို့မဟုတ်) မိသားစုဝင်တစ်ဦးဦးသည် ပြည်သူ့အငှားအိမ်ရာတစ်ခုခုတွင် ငှားရမ်းနေထိုင်ခွင့် ချထားပေးခြင်းခံရသူ မဖြစ်စေရကြောင်း စည်းကမ်းသတ်မှတ်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ငှားရမ်းနေထိုင်ခွင့်ရသူသည် တင်ပြထားသည့် အိမ်ထောင်စုစာရင်းတွင် မပါဝင်သူများကို အိမ်ခန်းတစ်ခုလုံးကိုလည်းကောင်း၊ တစ်စိတ်တစ်ပိုင်းကိုလည်းကောင်း၊ တစ်ဆင့်ငှားရမ်းခြင်း၊ အတူနေထိုင်ခြင်း၊ လွှဲပြောင်းခြင်းမပြုလုပ်ရန်နှင့် လိုက်နာခြင်းမရှိပါက အိမ်ခန်းငှားရမ်းခွင့်ကို ရုတ်သိမ်းဖြစ်ကြောင်း စည်းကမ်းသတ်မှတ်ထားသည်။
လျှောက်ထားသူသည် ငှားရမ်းခွင့်ရရှိပါက သုံးလငှားရမ်းခွင့်နှင့် ညီမျှသော ငှားရမ်းခအာမခံငွေကို ကြိုတင်ပေးသွင်းရမည်ဖြစ်ပြီး လခများကို လစဉ်မပျက်မကွက်ပေးသွင်းရမည်ဖြစ်ကြောင်း၊ ပေးသွင်းရန်ကာလ သုံးလထက် ကျော်လွန်ပျက်ကွက်ပါက အိမ်ခန်းမှ ဖယ်ရှားခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။
အိမ်ခန်းငှားရမ်းခွင့် လျှောက်ထားလိုသူများအနေဖြင့် လျှောက်လွှာများကိုဝယ်ယူရာတွင် ပြည်သူများနှင့် အငြိမ်းစားဝန်ထမ်းများအနေဖြင့် အိမ်ခန်းလျှောက်လွှာများကို သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးရုံးများတွင် ဝယ်ယူပြီး သတ်မှတ်ပုံစံများအတိုင်း ဖြည့်စွက်၍ မိမိတို့ဝယ်ယူခဲ့သည့် နေရာများတွင် သတ်မှတ်ရက်အတွင်း လျှောက်လွှာများကို ပြန်လည်တင်ပြသွားရမည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာဌာနများမှ စုစည်း၍ ဌာနအလိုက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာ၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် ဝယ်ယူ၍ လျှောက်လွှာများကို ပြန်လည်တင်ပြသွားရမည်ဖြစ်သည်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးနှင့် အမှတ် ၇ လမ်းမကြီး လမ်းဆုံအနီးတွင် တည်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်