
ခရီးသည်တင်ယာဉ်မှအပ အခြားယာဉ်များကို ယာဉ်စစ်မပြုလုပ်ဘဲ ယာဉ်သက်တမ်းတိုးခြင်းများကို စက်တင်ဘာအထိ ပြုလုပ်မည်ဖြစ်ကြောင်း ကညန နေပြည်တော်ရုံးက အသိပေးထုတ်ပြန်ထားသည်။
အများပြည်သူသယ်ယူပို့ဆောင်သည့် ခရီးသည်တင်ယာဉ်မှအပ အခြားမော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များအားလုံးကို ယာဉ်စစ်ဆေးခြင်းမပြုလုပ်ဘဲ စက်တင်ဘာလကုန်အထိ သက်တမ်းတိုးခြင်းဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်ကြေညာထားသည်။
ယင်းသို့ ယာဉ်စစ်ဆေးခြင်းမပြုဘဲ သက်တမ်းတိုးခြင်းများ ဆောင်ရွက်ပေးနေသည်မှာ ကိုဗစ်ရောဂါကူးစက်မှုများလာသည့်အချိန်မှ စတင်ကာ သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်လည်း ယာဉ်စစ်ခြင်းမပြုဘဲ သက်တမ်းတိုးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“ရောင်းမှား ဝယ်မှားမဖြစ်အောင်ပိုပြီး ဂရုစိုက်ရမယ့်သဘောမှာရှိတယ်။ ယာဉ်စစ်လို့ မရဘူးဆိုရင် ကိုယ်ဝယ်မယ့်ကားက မှန်လား မမှန်ဘူးလားဆိုတာကို သေချာစစ်ဆေးမှရ တော့မယ်။ ဘယ်လောက်ပဲစစ်စစ် မမှန်ဘူးဆိုတာနဲ့ ရောင်းမှားဝယ်မှားဖြစ်ရင် ဝယ်လိုက်တဲ့သူက ခံရတာပဲ” ဟု မော်တော်ယာဉ်ရောင်းဝယ်ရေးကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။
မော်တော်ယာဉ်များကို စစ်ဆေးပေးမည်ဆိုပါက ယင်းပြသာနာများ ပြေလည်သွားမည်ဖြစ်ကြောင်း၊ ယာဉ်စစ်ဆေးနိုင်ခြင်းမရှိသဖြင့် မော်တော်ယာဉ်များကို အရောင်းအဝယ်ပြုလုပ်ရာတွင် ဖောက်စွပ်ဖြတ်စက်ပြသာနာများကို ကြုံတွေ့နေရကြောင်း မော်တော်ယာဉ်ရောင်းဝယ်သူများ၏ ပြောကြားချက်များအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်