
၂၀၂၂ ခုနှစ် သြဂုတ် ၁ ရက်တွင် ဖွင့်လှစ်ခဲ့သော ၄၁ ကြိမ်မြောက် ထီဖွင့်ပွဲတွင် ကျပ်သိန်း ၅၀ တစ်ဆု၊ ကျပ်သိန်း ၂၀ နှစ်ဆုအပါအဝင် ဆုမဲ ၁၂၀၀ ကျော် ထုတ်ယူရန် ကျန်ရှိနေပြီး ဇူလိုင် ၃၁ ရက်အထိ ထုတ်ယူခြင်း မရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် ၂၀၂၂ ခုနှစ် သြဂုတ် ၁ ရက်တွင် ဖွင့်လှစ်ခဲ့သော ၄၁ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ဆုမဲ ၁၇၆၃၉ ဆု ခွဲဝေချီးမြှင့်ခဲ့ရာ ဆုမဲ ၁၂၄၉ ဆုကို ယနေ့တိုင် တောင်းခံခြင်းမရှိသေးကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါလာရောက်ထုတ်ယူခြင်းမရှိသော ကျပ်သိန်း ၅၀ တစ်ဆု၊ ကျပ်သိန်း ၂၀ နှစ်ဆု၊ ကျပ် ၁၀ သိန်း နှစ်ဆု၊ ကျပ်သုံးသိန်း ငါးဆု၊ ကျပ်နှစ်သိန်း ၆၈ ဆု၊ ကျပ်တစ်သိန်း ၃၆၅ ဆုနှင့် ကျပ်ငါးသောင်းဆု ၈၀၆ ဆု စသည့်ဆုရလက်မှတ်များကို ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးများသို့ တင်ပြ၍ ဆုငွေများကို တောင်းခံနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါဆုမဲများအား ဇူလိုင် ၃၁ ရက်အထိ ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်သည်။
၂၀၂၃ ခုနှစ် ဇူလိုင် ၁ ရက်တွင် ကျင်းပသည့် ၅၂ ကြိမ်မြောက် ထီဖွင့်ပွဲတွင် ကျပ် ၁၀၀၀ တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို က အက္ခရာမှ အစဉ်လိုက် စ ထိ အက္ခရာခြောက်လုံးဖြင့် လည်းကောင်း၊ အောင်ဘာလေအွန်လိုင်းသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို ဆ အက္ခရာမှ အစဉ်လိုက် ဌ အထိ အက္ခရာခြောက်လုံးဖြင့်လည်းကောင်း စုစုပေါင်းအက္ခရာ ၁၂ လုံးဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ထီလက်မှတ်များ ရောင်းချရငွေမှာ ကျပ်သန်း ၅၁၇၆ ဒသမ ၇၀၃ ဖြစ်သဖြင့် ရာခိုင်နှုန်း ၇၀ ခွဲဝေချီးမြှင့်မည့် ထီဆုငွေမှာ ကျပ်သန်း ၃၆၂၃ ဒသမ ၆၉၂ ဖြစ်ကြောင်း၊ အဆိုပါခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများမှာ အထူးဆုကြီးစနစ်တွင် ကျပ်သိန်းငါးထောင် တစ်ဆု၊ ကျပ်သိန်းနှစ်ထောင် တစ်ဆုနှင့် ကျပ်သိန်းတစ်ထောင် တစ်ဆုပါဝင်ပြီး ဆုတစ်ဆုချင်းစနစ်တွင် ကျပ်သိန်းငါးရာ သုံးဆု၊ ကျပ်သိန်းနှစ်ရာ ခုနစ်ဆု၊ ကျပ်သိန်းတစ်ရာ ခုနစ်ဆု၊ ကျပ်သိန်းငါးဆယ် ၁၀ ဆု၊ ကျပ်သိန်းနှစ်ဆယ် ၁၅ ဆု၊ ကျပ်ဆယ်သိန်း ၁၄ ဆုနှင့် ဝေဝေဆာဆာပဒေသာဆုမဲစနစ်တွင် ကျပ်သုံးသိန်း ၃၀ ဆု၊ ကျပ်နှစ်သိန်း ၃၀၀ ဆု၊ ကျပ်တစ်သိန်း ၈၀၀၀ ဆု၊ ကျပ်ငါးသောင်း ၁၀၀၀၀ ဆု၊ ကျပ်တစ်သောင်း ဆု ၁၀၀၀၀၀ စသည့်ဆုမဲများ ချီးမြှင့်ကြောင်း သိရသည်။
ယင်းအပြင် ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း ၂၅၀ ကိုလည်း ကျပ် ၁၀ သိန်း လေးဆု၊ ကျပ်သုံးသိန်း ၂ဝဆု၊ ကျပ်နှစ်သိန်း ၂၀၀ ဆု၊ ကျပ်တစ်သိန်း ၂၀၀၀ ဆုကိုလည်း ထပ်မံချီးမြှင့်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်