Top News

မန္တလေး-ပြင်ဦးလွင်ကားလမ်း မိုင်တိုင်အမှတ် ၁၇ အနီးတွင် တွဲကားတစ်စီး တိမ်းမှောက်ပြီး တစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိ
24htopnews | January 4, 2025 11:12 AM CST

မန္တလေး-ပြင်ဦးလွင်ကားလမ်း မိုင်တိုင်အမှတ် ၁၇ အနီးတွင် ၂၀၂၃ ခုနှစ် ဇူလိုင် ၃ ရက် နံနက် ၅ နာရီ မိနစ် ၃၀ ဝန်းကျင်က တွဲကားယာဉ်တစ်စီး တိမ်းမှောက်ပြီး တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရရှိခဲ့ကြောင်း သိရသည်။

မန္တလေး-ပြင်ဦးလွင်လမ်း ၁၇ မိုင်အနီးတွင် ဂေါ်ဒန်ကျောက်များ တင်ဆောင်လာသော တွဲကားယာဉ်တစ်စီးသည် အရှိန်လွန်ပြီး လမ်းဟောင်းဖြစ်သည့် အိုးတလုံးအဆင်းလမ်းဘက်ရှိ ရေချောင်းကူးတံတားဘေးရှိ ချောက်ထဲသို့ ထိုးကျသွားခဲ့ကြောင်း၊ ယာဉ်ပေါ်တွင် လိုက်ပါလာသော အမျိုးသားနှစ်ဦးအနက် တစ်ဦးသည် ကားပေါ်မှ ခုန်ဆင်းကျန်ခဲ့ပြီး လက်ကျိုးဒဏ်ရာရရှိခဲ့ကြောင်း၊ ကျန်တစ်ဦးမှာ ယာဉ်နှင့်အတူပါသွားပြီး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူ၏ရုပ်အလောင်းအား နောက်တွဲ- ဂေါ်ဒန်ကျောက်များဖြင့် ပိတ်မိနေသောကြောင့် ခက်ခဲစွာထုတ်ယူခဲ့ရကြောင်း စေတနာမွန်လူမှုကူညီရေးအသင်း (အုန်းချော)မှ သိရသည်။

ဒဏ်ရာရရှိသော လူနာနှင့် သေဆုံးသူတို့ကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ စေတနာမွန် လူနာတင်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK