Top News

သံဖြူဇရပ်မြို့နယ်တွင် ငွေကျပ် ၁၄ သိန်းကျော်တန်ဖိုးရှိ ဘိန်းစာရွက်အစိုများ ဖမ်းဆီးရမိ
24htopnews | January 4, 2025 11:12 AM CST

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကြံ့ခိုင်ရေးရပ်ကွက်တွင် ဇူလိုင် ၂ ရက်၊ ည ၁၂ နာရီအချိန်ခန့်တွင် အမျိုးသားတစ်ဦးထံမှ ကျပ် ၁၄ သိန်းကျော်တန်ဖိုးရှိ ဘိန်းစာရွက်အစိုများ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ သံဖြူဇရပ်မြို့မရဲစခန်းမှ နယ်ထိန်းအရာရှိနှင့် တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ  သံဖြူဇရပ်မြို့၊ ကြံ့ခိုင်ရေးရပ်ကွက်၊ ဂန္မာလမ်း၊ ဦးဇော်မြင့် (၅၀) နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ဦးဇော်မြင့် နေအိမ်တဲအောက်မှ ဘိန်းစာရွက်အစို ၅၀ ကျပ်သားပါ အထုပ် ၄၅ ထုပ်၊ ကာလတန်ဖိုး ကျပ် ၁၄၆၉၇၀၀ ခန့်အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

“သိမ်းဆည်းရမိခဲ့တဲ့ ဘိန်းစာရွက်အစိုတွေကို စခန်းကြီးကျေးရွာအနီး ရော်ဘာခြံအတွင်းမှာ ကရင်အမျိုးသား တစ်ဦးထံက‌နေ ဝယ်ယူခဲ့တာလို့  ဦးဇော်မြင့်က ထွက်ဆိုချက်ပေးထားတယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောကြားသည်။

ထိုဘိန်းစာရွက်အစိုများ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဦးဇော်မြင့်အား သံဖြူဇရပ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုရေးဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။


READ NEXT
Cancel OK