Top News

လက်ရှိ ပြည်ပကြက်သွန်နီဝယ်လိုအားကြောင့် ပြည်တွင်းကြက်သွန်စျေးနှုန်း မပြောင်းနိုင်ကြောင်း ပြောကြား
24htopnews | January 4, 2025 11:12 AM CST

လက်ရှိတွင် မြန်မာကြက်သွန်နီကို တရုတ်၊ ဗီယက်နမ်နှင့် ထိုင်း ကြက်သွန်နီကုန်သည်များမှ ဝယ်ယူနေသော်လည်း ၎င်းပြည်ပ လိုအားကြောင့် လက်ရှိကြက်သွန်စျေးကို စျေးအတက်ဘက် မပြောင်းလဲနိုင်သေးကြောင်း မန္တလေးတိုင်းဒေသကြီး စားဖိုဆောင်သီးနှံစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ နာယကဖြစ်သူ ဦးစိုးညွှန့်က ပြောကြားသည်။

မြန်မာကြက်သွန်နီစျေးနှုန်းသည် ၂၀၂၁ ခုနှစ် နောက်ပိုင်းမှစပြီး မြင့်တက်လာခဲ့ကြောင်း ၎င်းနှစ်မတိုင်ခင်က  ကြက်သွန်နီတစ်ပိဿာ ကျပ် ၁၀၀၀ သည် အများဆုံးဖြစ်ကြောင်း သိရသည်။

“နိုင်ငံခြား ဝယ်လက်က ဝယ်တဲ့စျေးနှုန်းက နည်းတဲ့အတွက် အရာင်းတော့နည်းကြပါတယ်။ ကြက်သွန်နီ ဝယ်လက်ပေးတဲ့ စျေးကနည်းနေတာလေ။ သူတို့ပေးတာက ကွင်းစျေးကို ကျပ် ၁၈၀၀ ကနေ ၂၀၀၀ ကြား စျေးပေးဝယ်တာလေ။ လက်ရှိကြက်သွန်စျေးကွက်ပေါက်စျေးနဲ့ကြ စျေးမကိုက်ဘူး။ ရောင်းချတဲ့အများစု ပေးတဲ့စျေးနဲ့ မရောင်းချနိုင်ကြဘူး။ ဗီယက်နမ် ကြက်သွန်ဝယ်လက်ပေးတဲ့ စျေးနဲ့ လက်ရှိကြက်သွန် ပေါက်စျေးနဲ့ကြ စျေးမကိုက်ကြလို့ မရောင်းချကြဘူး။ လက်ရှိကြက်သွန်ကွင်းစျေးမှာကို တစ်ပိဿာ ကျပ် ၁၉၀၀ ကနေ ၂၀၀၀ စျေးလောက်ရှိတယ်။ အညံ့စက ၁၇၀၀ ကနေ ၁၈၀၀ ကြား စျေးရှိတယ်။ ဗီယမ်နမ်ကျပ် ၁၈၀၀ ကနေ ၂၀၀၀ ကြား စျေးက ကုန်သည်တွေက မရောင်းနိုင်ကြဘူးလေ။ အဓိကက မြန်မာကြက်သွန်က ပြည်ပထွက်မှ စျေးကောင်းမယ်မထွက်ရင် ပြည်တွင်းစျေးကွက်မှာ လည်နေမှာပါ။ ပြည်ပဝယ်လို့အားက မကောင်းသေးဘူးလို့ပြောရမယ်။ ပြည်ပဝယ်လို့အားကောင်းမှ ပြည်တွင်းကြက်သွန်စျေးက စျေးတက်နိုင်မယ်။ လက်ရှိမှာ ကြက်သွန်ကတောင်သူလက်ထဲမှာရှိတော့ ကုန်သည်ရောင်းချင်တိုင်း ရောင်းလို့မရဘူး။ လက်ရှိ ပြည်ပဝယ်လို့အားနဲ့ ကြက်သွန်စျေးက စျေးမပြောင်းနိုင်ပါဘူး” ဟု မန္တလေးတိုင်းဒေသကြီး စားဖိုဆောင် သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ နာယကဖြစ်သူ ဦးစိုးညွှန့်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကြက်သွန်နီစိုက်ပျိုးမှုအနေဖြင့် နှစ်စဉ် ဧကပေါင်းက ၁ ဒသမ ၇ သိန်းကျော်ရှိပြီး နှစ်စဉ်တန်ချိန် တစ်သန်းကျော် ထွက်ရှိကြောင်း၊ ယခုနှစ်မြစ်သား နွေကြက်သွန်ရာသီချိန်၌ ကြက်သွန်စိုက်တောင် သူအကျိုးအမြတ်ရှိပြီး ကုန်သည်ဆုံးရှုံးမှုရှိသည့်နှစ်ဖြစ်နေပြီး ယမန်နှစ်ကတော့ ကြက်သွန်ကုန်သည် အကျိုးအမြတ်ရှိပြီး ကြက်သွန်စိုက်တောင်သူဆုံးရှုံးမှုနှစ်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK