Top News

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာတွင် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားပြီး ဒေသခံတစ်ဦး သေဆုံး
24htopnews | January 4, 2025 11:12 AM CST

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာတွင် ဇူလိုင်လ ၂ ရက် နံနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး ဒေသခံတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ယမန်နေ့ ဇူလိုင် ၂ ရက် နံနက်ပိုင်းက ချောင်းနှစ်ခွကျေးရွာရှိ အတ္ထရုံတံတား (ချောင်းနှစ်ခွ) လုံခြုံရေးဂိတ်ဘက်မှ ပစ်ခတ်သံများကြားခဲ့ရကြောင်း၊ ထို့နောက် နံနက် ၁၁ နာရီအချိန်ခန့်တွင် ချောင်းနှစ်ခွဒေသခံတစ်ဦးဖြစ်သူ အသက် ၂၃ နှစ်အရွယ် ကိုငြိမ်းချမ်းဆိုသူမှာ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “မနက်ပိုင်းမှာ သေနတ်သံတွေ ငြိမ်သွားတော့ ကိုငြိမ်းချမ်းက ခြံထဲသွားဖို့ ဆိုင်ကယ်နဲ့ ထွက်သွားတာ၊ တံတားက ပိတ်ထားတော့ ရွာဘက်ကို ပြန်လှည့်လာတဲ့အချိန်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာလို့ သိရတယ်။ ရင်ဘတ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာလို့ သိရပါတယ်။ အဲ့ဒီနောက်မှာ ဒရုန်းတွေနဲ့ ဗုံးလာချလို့ ပေါက်ကွဲသံ ၃ ကြိမ်လောက်ကြားရတယ်။ ထိခိုက်မှုအခြေအနေတော့ မသိရသေးဘူး” ဟု ပြောကြားသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့် ကိုငြိမ်းချမ်း၏ ရုပ်အလောင်းအား ယနေ့ ဇူလိုင်လ ၃ ရက်တွင် သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ထို့နောက် ချောင်းနှစ်ကျေးရွာရှိ ချောင်းနှစ်ခွနယ်မြေရဲစခန်းနှင့် ချောင်းနှစ်ခွတံတားရှိ လုံခြုံရေးဂိတ်တို့အား Saw Dragon Drone Force နှင့် Lion Battalion Commando - ဗျူဟာစစ်ကြောင်းတို့မှ ပူးပေါင်းကာ Drop Bomb ချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Saw Dragon Drone Force အဖွဲ့၏ ၎င်းတို့ အသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာပေါ် ထုတ်ပြန်ချက်အရ သိရသည်။


READ NEXT
Cancel OK