
မန္တလေး-ပြင်ဦးလွင် မိုင်တိုင်အမှတ် ၁၇ အနီးတွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ၊ ၃ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်ဝန်းကျင်က တွဲကားယာဉ်တစ်စီးတိမ်းမှောက်ကာ တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
မန္တလေး-ပြင်ဦးလွင်လမ်း ၁၇ မိုင်အနီးတွင် ဂေါ်ဒန်ကျောက်များတင်ဆောင်လာသော တွဲကားယာဉ်တစ်စီးသည် အရှိန်လွန်ပြီး လမ်းဟောင်းဖြစ်သည့် အိုးတလုံးအဆင်းလမ်းဘက်ရှိ ရေချောင်းကူး တံတားဘေးရှိချောက်ထဲသို့ ထိုးကျသွားခဲ့ကြောင်း၊ ယာဉ်ပေါ်တွင်လိုက်ပါလာသော အမျိုးသားနှစ်ဦးအနက် တစ်ဦးသည် ကားပေါ်မှ ခုန်ဆင်းကျန်ခဲ့ပြီး လက်ကျိုးဒဏ်ရာရရှိခဲ့ကြောင်း၊ ကျန်တစ်ဦးမှာ ယာဉ်နှင့်အတူ ပါရှိသွားခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း၊ သေဆုံးရုပ်အလောင်းအား နောက်တွဲ- ဂေါ်ဒန်ကျောက်များဖြင့် ပိတ်မိနေသောကြောင့် ခက်ခဲစွာထုတ်ယူခဲ့ရကြောင်း စေတနာမွန် လူမှုကူညီရေးအသင်း (အုန်းချော) မှ သိရှိရပါသည်။
ဒဏ်ရာရရှိသော လူနာနှင့် သေဆုံးလူနာတို့ကို မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ စေတနာမွန် လူနာတင်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်