Top News

မုဒုံမြို့နယ် အဘစ်-ခလယ်တံခွန်တိုင်ကားလမ်းရှိ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိ
24htopnews | January 4, 2025 11:12 AM CST

အဘစ်-ခလယ်တံခွန်တိုင်ကားလမ်းတစ်နေရာကို တွေ့ရစဉ်

မုဒုံမြို့နယ် အဘစ်-ခလယ်တံခွန်တိုင် ကားလမ်းရှိ စစ်ဆေးရေးဂိတ်မှာ ဇူလိုင် ၁ ရက် ညနေပိုင်းက တိုက်ခိုက်ခံရပြီး လုံခြုံရေး တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက် များအရ သိရသည်။

မွန်ပြည်နယ် မုဒုံမြို့နယ် ဆက်သွယ် ကျေးရွာအုပ်စု အဘစ်ကျေးရွာနှင့် ကရင်ပြည် နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန် တိုင်ကျေးရွာသို့ ဆက်သွယ်ထားသည့် ကား လမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်မှာ ဇူလိုင် ၁ ရက် ညနေ ၄ နာရီခန့်က တိုက်ခိုက်ခံခဲ့ရခြင်းဖြစ် ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရသည့်အတွက် အမတ (၃၁၈) အဘစ်အမြောက်တပ်မှ တပ်မ တော်လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် ကမာဝက် ရဲစခန်းမှ ရဲတပ်ဖွဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်ဟု သိရကြောင်း ဒေသခံတစ်ဦး က ပြောကြားသည်။

“အဲဒီစစ်ဆေးရေးက အရင်ဆုံးပစ်ခတ်ခံ ရတယ်။ ပြီးတော့ drop bomb သုံးလုံး ထပ်ချ ခံရတယ်လို့ သိရတယ်။ နောက်ထပ် ရဲတပ်ဖွဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း ထိခိုက်ဒဏ် ရာရသွားတယ်လို့ သိရပါတယ်”ဟု အဆိုပါ ဒေသခံက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ဇွန် ၃၀ ရက်က မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင် ကား လမ်းပေါ်ရှိ ရွှေသံလွင်တိုးဂိတ်အဟာင်းအဖွဲ့ စုံစစ်ဆေးရေးဂိတ်နှင့် ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်ကြား သဲဖြူချောင်းတံတား (သံတံတားဂိတ်) များ drop bomb များဖြင့် တိုက်ခိုက်ခံခဲ့ရသည့်အပြင် ဇူလိုင် ၁ ရက် မွန်း လွဲပိုင်းကလည်း အဆိုပါ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်ကြား သဲဖြူချောင်းတံတား (သံတံတားဂိတ်) မှာ drop bomb ဖြင့် တိုက် ခိုက်ခံခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ် သူများထံမှ သိရသည်။

 


READ NEXT
Cancel OK