
ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ်ရှိ အကြီးစားစက္ကူ ဖြတ်စက်အတွင်း မြန်မာလုပ် သားတစ်ဦး ညပ်မိမှု ဇွန် ၃၀ ရက်က ဖြစ်ပွားခဲ့ ရာ အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ပရာကန် ပြည်နယ် ဖစမွန်စေဒီရပ် အကြီးစားစက္ကူဖြတ် စက်ရုံတွင် စက်ထဲတွင် စက္ကူပိတ်ညပ်နေ၍ စက်ရပ်တန့်ပြီး စက်အတွင်းထဲရှိ စက္ကူစာရွက် များကို မြန်မာလုပ်သားတစ်ဦးက ဝင်ရောက် ဆွဲထုတ်ရန် လုပ်ဆောင်နေစဉ် ထိုင်းနိုင်ငံ သား မန်နေဂျာဖြစ်သူက ၎င်းစက်ထဲသို့ ဝင် ရောက်နေသော မြန်မာလုပ်သားမှာ စက်ထဲမှ ပြန်ထွက်လာနေပြီဟုယူဆကာ စက်ခလုတ်နှိပ် ပြန်ဖွင့်လိုက်ခြင်းကြောင့် စက်အတွင်းညပ်မိ သွားခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ စက္ကူဖြတ်စက်၏ မန်နေဂျာဖြစ် သူက အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ သို့ အကူအညီတောင်းခံခဲ့ရပြီး ၁၀ မိနစ်အကြာ တွင် ပြန်လည်ကယ်ထုတ်နိုင်ခဲ့ကာ ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
မြန်မာအလုပ်သမားအရေးဆောင်ရွက် နေသူ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက “မသေကောင်း မပျောက်ကောင်းဖြစ်ရပ်ပါ။ အနေအထားကိုကြည့်ရင် အသက်ဆုံးရှုံးသွားနိုင်ပေမဲ့ ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့တယ်။အခုလိုဖြစ်စဉ်မှာ လုပ်ငန်းရှင်ရော မန်နေဂျာ ရော အပြည့်အဝတာဝန်ယူရပါမယ်။ ဘာပဲ ပြောပြော ပြန်လည်နာလန်ထလာအောင် ကူညီဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ထိုင်း လူမှုဖူလုံရေးဥပဒေအရရော အခွင့်အရေး ပေးရပါမယ်။ ဒါတွေရ မရကိုတော့ မြန်မာအ သိုင်းအဝိုင်းတွေအနေနဲ့ ရှေ့နေများကောင်စီ နဲ့ဆက်သွယ်ပြီး ကြိုတင်အကြောင်းကြား ဆောင်ရွက်ထားသင့်ပါတယ်”ဟု ပြောကြား သည်။
အလားတူ ထိုင်းနိုင်ငံတောင်ပိုင်း ဆောင် ခလာပြည်နယ်ရှိ အရုပ်အလုပ်ရုံတစ်ခုတွင်ယခုရက်ပိုင်းအတွင်း ဆံပင်ကိုသေချာမစည်း မိသော မြန်မာအမျိုးသမီးအလုပ်သမားတစ် ဦးသည်လည်း စက်ထဲသို ့ဆံပင်ညပ်ပါသွား ရာ အတူလုပ်ကိုင်နေသော လုပ်ဖော်ကိုင်ဖက် များက အမြန်လှမ်းဆွဲခဲ့သောကြောင့် အသက် မသေခဲ့ကြောင်း JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်